ရှမ်းပြည်နယ်သတင်းများ

ပြန်လည်စွန့်လွှတ်အပ်နှံလာသည့် မြေယာများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များပေးအပ်

ပင်းတယ          စက်တင်ဘာ   -  

213

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်း စက်မှုဝန်ကြီးဌာနမှနိုင်ငံသို့ ပြန်လည်စွန့်လွှတ် အပ်နှံလာသည့် မြေယာများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)ပေးအပ်ပွဲကို စက်တင်ဘာ(၆) ရက်မွန်းလွဲ(၁)နာရီက ပင်းတယမြို့နယ် ဒေသဦးစီးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မိမိတို့အစိုးရတာဝန်ယူစဉ်ကာလအတွင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဖွဲ့စည်းပြီးနောက် ရှမ်းပြည်နယ်အတွင်း စွန့်လွှတ်အပ်နှံမြေဧရိယာ (၃၁၃၅၆.၇၉၈) ဧကရှိခဲ့ပြီး၊ အဆိုပါဧရိယာတွင် သက်ဆိုင်ရာပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်၏ စိစစ်ချက်အရ တောင်သူများထံ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ()ပေးအပ်နိုင်သော မြေဧရိယာ(၁၀၆၉၀.၂၂၇)ဧကအနက် မြေဧရိယာ(၉၈၂၆.၃၈၇)ဧကကို တောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး၊ ရှမ်းပြည်နယ်တွင်မြေဧရိယာ(၆၄၉.၁၂)ဧကကို တောင်သူများထံ လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်၍မြေဧရိယာ(၈၆၃.၈၄၀)ဧကကိုလည်း တောင်သူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်နိုင်ရေးကော်မတီအဆင့်ဆင့်မှ စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်ကြီးခရိုင် ပင်းတယမြို့နယ်အတွင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကအသုံးပြုရန်လိုအပ်မှုမရှိသဖြင့် ပြန်လည်စွန့်လွှတ်ခဲ့သည့် မြေဧရိယာ(၄၈၀)ဧကအနက်မှ မြေယာအငြင်းပွားမှုကင်းရှင်းသော တောင်သူ(၂၇)ဦးအား ဧရိယာ(၁၂၃)ဧကကို တောင်သူများလက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ()ဖြင့် လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ပြီး၊ ကျန်မြေဧရိယာ(၃၅၇)ဧကကိုလည်း မြေပြင်တွင် စိုက်ပျိုးလုပ်ကိုင်နေသောတောင်သူများနှင့် မြေမဲ့ယာမဲ့ တောင်သူများကိုလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ အဖြစ် လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စ တိုင်ကြားစာများအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေနှင့် စွန့်လွှတ်မြေများကိုမူ တောင်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ဒေသအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေအားရှင်းလင်းတင်ပြ၍ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များပေးအပ်ရာ ပေါစံသီးကျေးရွာ နေတောင်သူအား ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်၍လည်းကောင်း၊ ပေါစံသီးကျေးရွာ၊ ပဲရင်းတောင်ကျေးရွာ တောင်သူများ အားပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အသီးသီးတို့မှပေးအပ်ခဲ့ကြပြီး၊ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များ လက်ခံရရှိသည့် တောင်သူများကိုယ်စား တောင်သူ ဦးစံကင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 70 guests and no members online

Latest Updates