ရှမ်းပြည်နယ်သတင်းများ

ပြန်လည်စွန့်လွှတ်အပ်နှံလာသည့် မြေယာများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များပေးအပ်

ကလော            စက်တင်ဘာ   -  

212

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ကလောမြို့နယ်အတွင်း စက်မှုဝန်ကြီးဌာနမှနိုင်ငံသို့ ပြန်လည်စွန့်လွှတ်အပ်နှံလာသည့် မြေယာများအား မူလတောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)ပေးအပ်ပွဲကို စက်တင်ဘာ(၆)ရက် နံနက်(၁၀) နာရီက ကလောမြို့နယ် မြို့နယ်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံတွင် လယ်ယာမြေသည် လယ်သမားများအတွက် အသက် သွေးကြောဖြစ်ပါကြောင်း၊ လယ်သမားများအတွက် အသက်တမျှအရေးကြီးလှသော လယ်ယာမြေများ ပြန်လည်ရရှိရန် အစိုးရ အနေဖြင့် ဦးစားပေးအထူးတာဝန်တစ်ရပ်သတ်မှတ်ပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်း မြေယာများထဲမှ အသုံးမပြုတော့သည့် မြေယာများကို ပြန်လည်စွန့်လွှတ်ရာမှ မူလပိုင်ရှင်များထံ မြန်မြန်ရောက်ပြီး၊ စောစော အကျိုးခံစားနိုင်ရန် စိုက်ပျိုးရာသီအမီ အမြန်လွှဲပြောင်းပေးနိုင်ရန်အတွက် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး ရေရှည်ဖွံ့ဖြိုး မှုဖြစ်စေမည့်မူဝါဒနှင့်လုပ်ငန်းစဉ်ချမှတ်ကာ စနစ်တကျစိစစ်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလော မြို့နယ်အတွင်း စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ပြန်လည်စွန့်လွှတ်အပ်နှံသော မြေဧရိယာ(၁၆၉.၁၂)ဧကအနက် လယ်ယာမြေ(၁၅၄.၂၇)ဧကဦးပိုင်(၁၄၃)ခုအား တောင်သူ(၁၂၄)ဦးလက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ() လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းတွင် ပြန်လည်စွန့်လွှတ်အပ်နှံမြေများကို သက်ဆိုင်ရာတောင်သူများထံသို့ ပြန်လည်ပေးအပ်ပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသော မြေစွန့်လွှတ်သည့် စက်မှုဝန်ကြီးဌာန၊ တောင်သူများ လက်ဝယ်ပြန်လည်ပေးအပ်နိုင်ရေး ကြိုးပမ်းခဲ့ကြသော ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများကို ရှမ်းပြည်နယ် လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းနှင့် တောင်သူများအနေဖြင့် ရရှိလာသောမြေများကို စိုက်ပျိုးလုပ်ကိုင်ရာတွင် မိမိတို့တစ်ကိုယ်ရေ တစ်မိသားစု ဝမ်းစာဖူလုံရေးမှ တစ်ဆင့် နိုင်ငံစီးပွားတိုးတက်မှုကို အထောက်အကူပြုနိုင်သော ကုန်ထုတ်လယ်ယာမြေများဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန်ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စ တိုင်ကြားစာများအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေနှင့် စွန့်လွှတ်မြေများကိုမူ တောင်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး၊ ပုံစံ(၃)များပေးအပ်ရာ ဟဲဟိုးမြို့ ပုန်းအင်းကျေးရွာတောင်သူများနှင့် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာတောင်သူများ၊ ဘော်နင်းကျေးရွာအုပ်စု မြက်ဆက်တောင်ကျေးရွာတောင်သူများနှင့် ညောင်ခါးရှည်ကျေးရွာ၊ ဆူးပန်းအင်းကျေးရွာတောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်သူ့ လွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ အသီးသီးပေးအပ်ကြကာ ယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များ လက်ခံရရှိသည့်တောင်သူများကိုယ်စား တောင်သူတစ်ဦးမှကျေးဇူး တင်စကား ပြန်လည် ပြောကြားကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ တာဝန်ရှိသူ များသည် ပင်းတယမြို့နယ် ကျုံးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ရွေ့လျားဝန်ဆောင်မှုဆောင်ရွက်နေသော ဌာနများအား လှည့်လည်ကြည့်ရှုအားပေးပြီး၊ ဝန်ဆောင်မှုအတွင်း ဆောင်ရွက်ပြီးစီးသော နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကဒ် လယ်ယာမြေပုံစံ (၇)မွေးစာရင်း၊ ယာဉ်မောင်းလိုင်စင်ကဒ်သစ်ပင်များတို့ကို ဒေသခံပြည်သူ့များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့မှ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 53 guests and no members online

Latest Updates