(၅၃)ႏွစ္ေျမာက္ ႏိုင္ငံတကာ စာတတ္ေျမာက္ေရးေန႔အထိမ္းအမွတ္ ေတာင္ႀကီးၿမိဳ႕၌က်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၉

216

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ (၅၃)ႏွစ္ေျမာက္ ႏိုင္ငံတကာ စာတတ္ေျမာက္ေရးေန႔အထိမ္းအမွတ္အခမ္းအနားကို စက္တင္ဘာ (၈)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕ အမွတ္(၅) အေျခခံပညာအထက္တန္းေက်ာင္း စိန္ျမင္းမိုရ္ခန္းမ၌က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က နည္းပညာရပ္မ်ား အရွိန္အဟုန္ျမင့္မားစြာ တိုးတက္ ေနသည္မွာ စာမတတ္သူမ်ားအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ၿပီး လူ႕အဖြဲ႕အစည္းအတြင္း ရပ္တည္ႏိုင္ရန္၊ အလုပ္အကိုင္ အခြင့္အလမ္း ရရွိႏိုင္ရန္၊ လူမႈစီးပြားပတ္ဝန္းက်င္ေကာင္းမ်ား ဖန္တီးႏိုင္ရန္အတြက္ အေျခခံ အေရး၊ အဖတ္၊ အတြက္အခ်က္ စြမ္းရည္မ်ားရွိ ႐ုံျဖင့္မလုံေလာက္ပါေၾကာင္း၊ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာ အသစ္အဆန္းမ်ားကို အသုံးျပဳႏိုင္မည့္ စြမ္းရည္မ်ားရရွိရန္လည္း လိုအပ္ပါေၾကာင္း၊ ေဝးလံခက္ခဲေသာေဒသရွိ တိုင္းရင္းသားကေလးလူငယ္မ်ား၏ သင္ယူတတ္ေျမာက္မႈ အတြက္လည္း ေက်ာင္းပညာေရးႏွင့္အတူ တိုင္းရင္းသားဘာသာစာေပမ်ားကို တြဲဖက္သင္ေပးျခင္းျဖင့္ တတ္ေျမာက္မႈစြမ္းရည္ ျမႇင့္တင္ေပးလ်က္ရွိပါေၾကာင္း၊ ကေလးသူငယ္ဘဝတြင္ အေျခခံအေရး၊ အဖတ္အတြက္ စြမ္းရည္ရရွိႏိုင္မွာျဖစ္ၿပီး၊ ထိုမွတစ္ဆင့္ လူငယ္ဘဝမွ လုပ္ငန္းခြင္ဝင္ေရာက္ရန္၊ ပညာဆက္လက္ဆည္းပူးရန္ ေလ့လာမႈမ်ား ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊ အမ်ားႏွင့္တန္းတူ နည္းပညာရပ္မ်ား၊ ဘာသာရပ္မ်ားကိုေလ့လာႏိုင္ရန္ ကမၻာတစ္ဝွမ္းမွာရွိသည့္ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ေလ့လာသိရွိႏိုင္ရန္၊ ႏိုင္ငံျခားဘာသာစာေပမ်ားကို ေလ့လာသိရွိရန္ လိုအပ္ပါေၾကာင္း၊ ပညာေရး၏အေျခခံျဖစ္ေသာ စာတတ္ေျမာက္ ေရးလႈပ္ရွားမႈမွတစ္ဆင့္ စာတတ္ေျမာက္ျခင္း၏ အက်ိဳးဆက္ျဖစ္ေသာ ဆင္းရဲႏြမ္းပါးမႈ ေလ်ာ့နည္းျခင္း၊ အလုပ္အကိုင္ အခြင့္အလမ္း ရရွိျခင္း၊ မိခင္ႏွင့္ကေလးသူငယ္မ်ား က်န္းမာေရးအသိမ်ားတိုးပြားျခင္း၊ ေခတ္မီနည္းပညာရပ္မ်ား ဆက္လက္ဆည္းပူးႏိုင္ ျခင္း၊ ဆန္းသစ္တီထြင္ ဖန္တီးႏိုင္စြမ္းရွိျခင္းစသည့္ အခြင့္အလမ္းေကာင္းမ်ားရရွိေအာင္ အားလုံးဝိုင္းဝန္းႀကိဳးပမ္းၿပီး၊ လူတိုင္းစာ တတ္ေျမာက္ေရးလုပ္ငန္းမ်ားကို သမိုင္းေပးတာဝန္တစ္ရပ္အျဖစ္ အေလးအနက္ေဆာင္႐ြက္သြားၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ယူနစ္စကို ၫႊန္ၾကားေရးမႉးခ်ဳပ္၏ ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔သဝဏ္လႊာကို ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္ကဖတ္ၾကားၿပီး၊ ၂၀၁၉ခုႏွစ္ ႏိုင္ငံတကာစာတတ္ေျမာက္ေရးေန႔ အထိမ္းအမွတ္စာစီစာကုံးႏွင့္ ပိုစတာၿပိဳင္ပြဲ ဆုရရွိသူမ်ားကို ဆုခ်ီးျမႇင့္ရာ အထက္တန္းဆင့္(စာစီစာကုံး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ)၊ အလယ္ တန္းဆင့္(စာစီစာကုံး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ)ႏွင့္ မူလတန္းဆင့္(စာစီစာကုံး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ) မ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း တို႔မွအသီးသီးေပးအပ္ခဲ့ၾကသည္။

ထို႔ေနာက္ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက “တို႔အင္တို႔အား” သီခ်င္း ႏွင့္ အမွတ္(၄) အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက “ျမန္မာ့ေက်ာင္း” သီခ်င္းျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူတို႔က ခန္းမအတြင္း ခင္းက်င္းျပသထားေသာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္းသိရွိ ရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 (၅၃)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ် (၅၃)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ (၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နည်းပညာရပ်များ အရှိန်အဟုန်မြင့်မားစွာ တိုးတက် နေသည်မှာ စာမတတ်သူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း ရပ်တည်နိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရန်၊ လူမှုစီးပွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရန်အတွက် အခြေခံ အရေး၊ အဖတ်၊ အတွက်အချက် စွမ်းရည်များရှိ ရုံဖြင့်မလုံလောက်ပါကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အသစ်အဆန်းများကို အသုံးပြုနိုင်မည့် စွမ်းရည်များရရှိရန်လည်း လိုအပ်ပါကြောင်း၊ ဝေးလံခက်ခဲသောဒေသရှိ တိုင်းရင်းသားကလေးလူငယ်များ၏ သင်ယူတတ်မြောက်မှု အတွက်လည်း ကျောင်းပညာရေးနှင့်အတူ တိုင်းရင်းသားဘာသာစာပေများကို တွဲဖက်သင်ပေးခြင်းဖြင့် တတ်မြောက်မှုစွမ်းရည် မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်ဘဝတွင် အခြေခံအရေး၊ အဖတ်အတွက် စွမ်းရည်ရရှိနိုင်မှာဖြစ်ပြီး၊ ထိုမှတစ်ဆင့် လူငယ်ဘဝမှ လုပ်ငန်းခွင်ဝင်ရောက်ရန်၊ ပညာဆက်လက်ဆည်းပူးရန် လေ့လာမှုများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အများနှင့်တန်းတူ နည်းပညာရပ်များ၊ ဘာသာရပ်များကိုလေ့လာနိုင်ရန် ကမ္ဘာတစ်ဝှမ်းမှာရှိသည့် ပြုပြင်ပြောင်းလဲမှုများကို လေ့လာသိရှိနိုင်ရန်၊ နိုင်ငံခြားဘာသာစာပေများကို လေ့လာသိရှိရန် လိုအပ်ပါကြောင်း၊ ပညာရေး၏အခြေခံဖြစ်သော စာတတ်မြောက် ရေးလှုပ်ရှားမှုမှတစ်ဆင့် စာတတ်မြောက်ခြင်း၏ အကျိုးဆက်ဖြစ်သော ဆင်းရဲနွမ်းပါးမှု လျော့နည်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိခြင်း၊ မိခင်နှင့်ကလေးသူငယ်များ ကျန်းမာရေးအသိများတိုးပွားခြင်း၊ ခေတ်မီနည်းပညာရပ်များ ဆက်လက်ဆည်းပူးနိုင် ခြင်း၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိခြင်းစသည့် အခွင့်အလမ်းကောင်းများရရှိအောင် အားလုံးဝိုင်းဝန်းကြိုးပမ်းပြီး၊ လူတိုင်းစာ တတ်မြောက်ရေးလုပ်ငန်းများကို သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် အလေးအနက်ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ယူနစ်စကို ညွှန်ကြားရေးမှူးချုပ်၏ နိုင်ငံတကာစာတတ်မြောက်ရေးနေ့သဝဏ်လွှာကို ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်ကဖတ်ကြားပြီး၊ ၂၀၁၉ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲ ဆုရရှိသူများကို ဆုချီးမြှင့်ရာ အထက်တန်းဆင့်(စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ)၊ အလယ် တန်းဆင့်(စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ)နှင့် မူလတန်းဆင့်(စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ) များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တို့မှအသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “တို့အင်တို့အား” သီချင်း နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိ ရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943