ရှမ်းပြည်နယ်သတင်းများ

မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာအား ျပန္လည္ျပင္ဆင္ေနမႈကို ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၃

220

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္၊ နယ္ေျမ(၃) အေနာက္ၿမိဳ႕ပတ္ လမ္းရွိ ကုန္းသာပရိယတၱိ စာသင္တိုက္ ေက်ာင္းေျမအတြင္းမွ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းခဲ့ရာ ေက်ာင္းေအာက္ေျခအနိမ့္ ပိုင္းရွိေတာင္၊ ေျမာက္ အလ်ား(၁၅၀) ေပခန္႔ ေျမသားမ်ား တျဖည္းျဖည္းၿပိဳဆင္းခဲ့ရာ ၎ေနရာသို႔ ေျမမ်ားျပန္လည္ဆည္ယူ ျပဳျပင္ေနမႈ ႏွင့္ သစ္ေတာရပ္ကြက္၊ အိမ္အမွတ္(၁၇၈)၊ ဟိန္းထက္ႏိုင္ေဘာ္ဒါေဆာင္ ေနာက္ေက်ာရွိ ေျမသား မ်ား ၿပိဳက်ေနမႈတို႔ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား စက္တင္ဘာ ၁၂ ရက္ ညေန ၄ နာရီက ကြင္းဆင္းၾကည့္႐ႈ စစ္ေဆးၾကေၾကာင္းသိရသည္။

အဆိုပါ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာ၌ ေျမသားမ်ား ဆည္ယူရာတြင္ ဘက္ဟိုး (၄)စီး၊ ဘူဒိုဇာ(၂)စီး ျဖင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးမွ ဦးေဆာင္၍ ေဆာက္လုပ္ေရးႏွင့္ လမ္းဦးစီးဌာန၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနတို႔မွ ဝန္ထမ္းမ်ားပူးေပါင္း၍ အႏၲရာယ္ကင္းရွင္းေရးႏွင့္ လုပ္ငန္းမ်ားေအာင္ျမင္စြာအျမန္ဆုံးၿပီးစီးႏိုင္ရန္ ေဆာင္႐ြက္ေနၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာအား ပြန်လည်ပြင်ဆင်နေမှုကို ကွင်းဆင်းကြည့်ရှု

တောင်ကြီး စက်တင်ဘာ   −   ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ နယ်မြေ(၃) အနောက်မြို့ပတ် လမ်းရှိ ကုန်းသာပရိယတ္တိ စာသင်တိုက် ကျောင်းမြေအတွင်းမှ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းခဲ့ရာ ကျောင်းအောက်ခြေအနိမ့် ပိုင်းရှိတောင်၊ မြောက် အလျား(၁၅၀) ပေခန့် မြေသားများ တဖြည်းဖြည်းပြိုဆင်းခဲ့ရာ ၎င်းနေရာသို့ မြေများပြန်လည်ဆည်ယူ ပြုပြင်နေမှု နှင့် သစ်တောရပ်ကွက်၊ အိမ်အမှတ်(၁၇၈)၊ ဟိန်းထက်နိုင်ဘော်ဒါဆောင် နောက်ကျောရှိ မြေသား များ ပြိုကျနေမှုတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်းသိရသည်။

အဆိုပါ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာ၌ မြေသားများ ဆည်ယူရာတွင် ဘက်ဟိုး (၄)စီး၊ ဘူဒိုဇာ(၂)စီး ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ဦးဆောင်၍ ဆောက်လုပ်ရေးနှင့် လမ်းဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်း၍ အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းများအောင်မြင်စွာအမြန်ဆုံးပြီးစီးနိုင်ရန် ဆောင်ရွက်နေကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 59 guests and no members online