ေတာင္ႀကီးၿမိဳ႕၌ ကမၻာ့အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္က်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၆

222

၂၀၁၉ ခုႏွစ္ ကမၻာ့အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္အခမ္းအနားကို စက္တင္ဘာ(၁၆)ရက္ နံနက္(၉)နာရီခြဲ ကေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ၂၀၁၉ ခုႏွစ္အတြက္ ကမၻာ့အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ေဆာင္ပုဒ္မွာ “32 Years and Healing” ျမန္မာဘာသာျဖင့္ “၃၂ႏွစ္ၾကာေအာင္ျမင္မႈ အိုဇုန္းလႊာကသက္ေသျပဳ” ျဖစ္ပါေၾကာင္း၊ ၁၉၈၅ ခုႏွစ္တြင္ အိုဇုန္းလႊာကာကြယ္ေရးဆိုင္ရာ ဗီယင္နာကြန္ဗင္းရွင္းကို ခ်မွတ္ႏိုင္ခဲ့ၿပီး၊ ၁၉၈၇ ခုႏွစ္တြင္ ပ်က္စီးေစသည့္ ျဒပ္ပစၥည္းမ်ားဆိုင္ ရာမြန္ထရီယယ္ ေနာက္ဆက္တြဲစာခ်ဳပ္ကို ထပ္မံခ်ဳပ္ဆိုႏိုင္ခဲ့၍ စာခ်ဳပ္တြင္ ျမန္မာႏိုင္ငံအပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံေပါင္း(၁၉၇) ႏိုင္ငံက လက္မွတ္ေရးထိုးကာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ မြန္ထရီယယ္သေဘာတူညီခ်က္မွာပါဝင္ သည့္အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ အိုဇုန္းလႊာပ်က္စီးေစေသာ ဓာတုပစၥည္းမ်ား၏၉၉%ကို ေလၽွာ႔ခ်ႏိုင္ေရးေဆာင္႐ြက္ရာတြင္ အဓိကလိုက္နာရမည့္ ကတိကဝတ္(၃)ခုရွိပါေၾကာင္း၊ အိုဇုန္းလႊာပ်က္စီးေစသည့္ ပစၥည္းမ်ားအသုံးျပဳမႈ ရပ္တန္႔ျခင္းႏွင့္ ဖ်က္သိမ္းျခင္း၊ ထုတ္လုပ္မႈႏွင့္သုံးစြဲေနမႈမ်ား ထိန္းခ်ဳပ္ ေရးနည္းလမ္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္း၊ ထုတ္လုပ္ အသုံးျပဳမႈႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားကို ႏွစ္စဥ္အစီရင္ခံရန္တို႔ျဖစ္ပါေၾကာင္း၊ ျပည္သူလူထုအေနျဖင့္ အိုဇုန္းလႊာ ပ်က္စီးေစသည့္ ျဒပ္ပစၥည္းမ်ားကို သုံးစြဲမည့္အစား အိုဇုန္းလႊာကိုမထိခိုက္ေစေသာ ပစၥည္းမ်ားကို အစားထိုးသုံးစြဲျခင္းႏွင့္ ေလၽွာ႔ခ်သုံးစြဲျခင္းအားျဖင့္ ကမၻာ့အပူခ်ိန္ကိုေလ်ာ့က်ေစရန္ ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားၾကရန္ လိုအပ္ပါေၾကာင္း ေျပာၾကား သြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ ဉာဏ္စမ္းအေျဖလႊာမ်ား ျပန္လည္လက္ခံ သိမ္းဆည္းၿပီး၊ အိုဇုန္းလႊာကာကြယ္ေရးဆိုင္ရာ အသိပညာေပးဗီဒီယိုျပသကာ အိုဇုန္းလႊာထိန္းသိမ္းေရးႏွင့္ သက္ဆိုင္ေသာ ပတ္ဝန္းက်င္ဆိုင္ရာဉာဏ္စမ္းပေဟဠိအေျဖမ်ားျပသ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး ေဒၚနန္းေ႐ႊျမင့္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔က ခန္းမအတြင္းခင္းက်င္းျပသထားေသာျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၁၆

၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ(၁၆)ရက် နံနက်(၉)နာရီခွဲ ကတောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “32 Years and Healing” မြန်မာဘာသာဖြင့် “၃၂နှစ်ကြာအောင်မြင်မှု အိုဇုန်းလွှာကသက်သေပြု” ဖြစ်ပါကြောင်း၊ ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ချမှတ်နိုင်ခဲ့ပြီး၊ ၁၉၈၇ ခုနှစ်တွင် ပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင် ရာမွန်ထရီယယ် နောက်ဆက်တွဲစာချုပ်ကို ထပ်မံချုပ်ဆိုနိုင်ခဲ့၍ စာချုပ်တွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း(၁၉၇) နိုင်ငံက လက်မှတ်ရေးထိုးကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ထရီယယ်သဘောတူညီချက်မှာပါဝင် သည့်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဓာတုပစ္စည်းများ၏၉၉%ကို လျှော့ချနိုင်ရေးဆောင်ရွက်ရာတွင် အဓိကလိုက်နာရမည့် ကတိကဝတ်(၃)ခုရှိပါကြောင်း၊ အိုဇုန်းလွှာပျက်စီးစေသည့် ပစ္စည်းများအသုံးပြုမှု ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခြင်း၊ ထုတ်လုပ်မှုနှင့်သုံးစွဲနေမှုများ ထိန်းချုပ် ရေးနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ထုတ်လုပ် အသုံးပြုမှုနှင့်ပတ်သက်သည့် အချက်အလက်များကို နှစ်စဉ်အစီရင်ခံရန်တို့ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများကို သုံးစွဲမည့်အစား အိုဇုန်းလွှာကိုမထိခိုက်စေသော ပစ္စည်းများကို အစားထိုးသုံးစွဲခြင်းနှင့် လျှော့ချသုံးစွဲခြင်းအားဖြင့် ကမ္ဘာ့အပူချိန်ကိုလျော့ကျစေရန် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဉာဏ်စမ်းအဖြေလွှာများ ပြန်လည်လက်ခံ သိမ်းဆည်းပြီး၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသကာ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် သက်ဆိုင်သော ပတ်ဝန်းကျင်ဆိုင်ရာဉာဏ်စမ်းပဟေဠိအဖြေများပြသ၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က ခန်းမအတွင်းခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943