ရှမ်းပြည်နယ်သတင်းများ

၂၀၁၉ခုနှစ် MNL အမှတ်ပေးပြိုင်ပွဲ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေမှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး

တောင်ကြီး        စက်တင်ဘာ   −   ၁၆

221

 

            ၂၀၁၉ ခုနှစ် MNL အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်(၂၂)ကို စက်တင်ဘာ ၁၅ ရက် ညနေ နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုပေးအား ကြကြောင်း သိရသည်။

            အဆိုပါပွဲစဉ်တွင် ပထမပိုင်းအချိန်၌ တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းမှ ဂိုး၊ ရခိုင်ယူနိုက်တက်အသင်းမှ ဂိုးဖြင့် တစ်ရာသီလုံး ရှုံးပွဲမရှိ အမှတ်ပေးချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးရရှိပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးတို့က ရှမ်းယူနိုက်တက် အသင်းကြီးအား ဆုငွေကျပ်သိန်း (၅၀) ရှမ်းယူနိုက်တက် U (19) သုံးနှစ်ဆက်တိုက် ချန်ပီယံအသင်းအား ဆုငွေကျပ် (၂၅)သိန်း ချီးမြှင့်ပေး၍ MPT မှ ဆုငွေကျပ်သိန်း (၁၀၀၀)ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်မှ ချီးမြှင့်ပေး၍ လည်းကောင်း၊ တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းမှ ချီးမြှင့်ပေး၍လည်းကောင်း၊ ချန်ပီယံဆုဖလားကြီးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 168 guests and no members online