ရှမ်းပြည်နယ်သတင်းများ

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၆)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး(ဒုတိယေန႔)က်င္းပ

ေတာင္ႀကီး စက္တင္ဘာ   -   ၁၈

225

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၆)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (ဒုတိယေန႔)ကို ၂၀၁၉ခုႏွစ္ စက္တင္ဘာ(၁၈) ရက္ နံနက္ (၁၀)နာရီအခ်ိန္က ရွမ္းျပည္နယ္လႊတ္ေတာ္ အစည္းအေဝး ခန္းမ၌ က်င္းပေၾကာင္းသိရသည္။

အစည္းအေဝးတြင္ ျပည္နယ္လႊတ္ေတာ္႐ုံး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚနန္းမိုခမ္းက အခမ္းအနားမႉး အျဖစ္ ေဆာင္႐ြက္ၿပီး၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒က အစည္းေဝးတြင္တက္ေရာက္ခြင့္ ရွိသူ လႊတ္ေတာ္ ကိုယ္စားလွယ္ ( ၁၄၀ )ဦး ရွိသည့္အနက္ ခြင့္ပန္ၾကားသူ( ၁၇ )ဦးရွိၿပီး အစည္းအေဝးသို႔ (၁၂၃)ဦး တက္ေရာက္သျဖင့္ ( ၈၇.၈၆ )%  ရွိေသာေၾကာင့္ အစည္းအေဝး အထေျမာက္ ေၾကာင္းႏွင့္ (ဒုတိယေန႔) အစည္းအေဝး စတင္က်င္းပေၾကာင္းေၾကညာသည္။

ဆက္လက္၍ အစည္းအေဝး မတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္(၁၇)ဦး တို႔အတြက္ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားစိစစ္ေရးေကာ္မတီ ဥကၠ႒၊ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြ က ခြင့္ပန္ၾကားၿပီး၊ ျပည္နယ္လႊတ္ေတာ္မွသေဘာတူေၾကာင္းႏွင့္ အစည္းအေဝး အထေျမာက္မႈကို လႊတ္ေတာ္မွ အတည္ျပဳေၾကာင္း ေၾကညာ၍ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္(၁၁)ဦးမွ ၾကယ္ပြင့္ျပ ေမးခြန္း(၁၁)ခုေမးျမန္းျခင္း ေဆာင္႐ြက္ေၾကာင္းသိရသည္။ 

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၆)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (ဒုတိယေန႔) အခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္တရားလႊတ္ေတာ္ တရား သူႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ေလ့လာ သူမ်ား တက္ေရာက္ ၾကသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

 

၀၉၂၅၀၁၃၂၉၄၃

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

တောင်ကြီး စက်တင်ဘာ   -   ၁၈

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ၂၀၁၉ခုနှစ် စက်တင်ဘာ(၁၈) ရက် နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်းသိရသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့် ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၄၀ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၇ )ဦးရှိပြီး အစည်းအဝေးသို့ (၁၂၃)ဦး တက်ရောက်သဖြင့် ( ၈၇.၈၆ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက် ကြောင်းနှင့် (ဒုတိယနေ့) အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာသည်။

ဆက်လက်၍ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁၇)ဦး တို့အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ က ခွင့်ပန်ကြားပြီး၊ ပြည်နယ်လွှတ်တော်မှသဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁၁)ဦးမှ ကြယ်ပွင့်ပြ မေးခွန်း(၁၁)ခုမေးမြန်းခြင်း ဆောင်ရွက်ကြောင်းသိရသည်။ 

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် လေ့လာ သူများ တက်ရောက် ကြသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 177 guests and no members online