ရှမ်းပြည်နယ်သတင်းများ

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

တာချီလိတ် စက်တင်ဘာ - ၂၃

227

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်အထိမ်းမှတ် ဘော်လီဘော/ ပိုက်ကျော်ခြင်း/ ကြက်တောင်/ ဖူဆယ်/ စားပွဲတင်တင်းနစ်/ စစ်တုရင်/ မြန်မာ့သိုင်း/ မီနီမာရသွန် ပြေးခုန်ပစ်/ U21အမျိုးသားဘောလုံး/ U16အမျိုးသမီးဘောလုံး အားကစားပြိုင်ပွဲ များဖွင့်ပွဲကို စက်တင်ဘာ (၂၁)ရက်နှင့် (၂၂)ရက်နေ့များတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူတို့က ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ 

အဆိုပါဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲတွင် ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး၊ ၎င်းပြိုင်ပွဲတွင်ကျောင်းသား/သူ နှင့်ကစားသမား ၂၈၁၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 168 guests and no members online