ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နောင်တရားမြို့၌အစားထိုးသီးနှံပေးအပ်ပွဲတက်ရောက်

နောင်တရား         နိုဝင်ဘာ  -  ၁

266
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူနိုဝင်ဘာ(၁)ရက် နံနက် (၉)နာရီကပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ တီကျစ်မျိုးသန့်ခြံတွင် စိုက်ပျိုးထားသော နေကြာမျိုးစေ့ထုတ်စိုက်ခင်းအား သွားရောက်ကြည့်ရှုရာ တီကျစ်စိုက်ပျိုးရေးဦးစီးဌာနမှ ခြံမန်နေဂျာဦးမြင့်ထွန်းမှ ရှင်းလင်းကြောင်းသိရသည်။
အဆိုပါနေကြာမျိုးစေ့ထုတ်စိုက်ခင်းသည် စိုက်ဧက(၁၅)ဧကရှိပြီး မျိုးအမည်မှာရေဆင်း ၁ စပ်မျိုး နေကြာ ဖြစ်ပြီး စိုက်နည်းစနစ်တွင် ပန်းကြား၂.၅'×ပင်ကြား၉"နှင့် စိုက်ရက်မှာ ၂၀၁၉ခုနှစ်စက်တင်ဘာလ (၃၀) ရက်တွင် စစိုက်ကြောင်းသိရသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်တရားမြို့ စိုက်ပျိုးရေးအသိပညာပေးစင်တာတွင် တောင်သူများ၏လက်ကိုင်ဖုန်းများထဲသို့ စိုက်ပျိုးရေးနည်းပညာသုံး mobile Application ထည့်သွင်းပေးခြင်းနှင့် အစားထိုးသီးနှံစိုက်တောင်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်ရာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီမှူး ဦးတင်ဦးကြိုင်က အစားထိုးသီးနှံစိုက်ပျိုး ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းပြီး ထောက်ပံ့ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများမှ ကျူလီယာကွန်ပေါင်းမြေသြဇာ၊ ပေါင်းစည်လယ်ယာသဘာဝမြေသြဇာများ ပေးအပ်ရာ ပေါ့အင်၊ ပင်ခင်၊ မွေပြင်၊ လွယ်မော်ကျေးရွာ အုပ်စု(၄)ခုတို့မှကျေးရွာ(၇၇)ရွာ ကိုယ်စားလက်ခံရယူပြီး၊ တောင်သူများကိုယ်စား တောင်သူဦးခွန်ထွန်းရွှေမှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူဦးခွန်ထွန်းရွှေ၏ အစားထိုးသီးနှံစိုက်ပျိုးထားသော ထောပတ်နှင့်နှမ်းစိုက်ခင်းသို့ သွားရောက်ကြည့်ရှု ကြသည်။
ထို့နောက်ပအိုဝ်းကိုယ်ပိုင်ခွင့်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လင်ခံကျေးရွာရှိ အစေ့ထုတ်ပြောင်း ရိတ်သိမ်းချွေလှေ့နေမှုကိုကြည့်ရှုကြပြီး၊ ဗန်းမောက်ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာသို့ရောက်ရှိကာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိဦးဇော်ဝင်းထွန်းမှ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ပျိုးမှုနှင့် ပတ်သက်၍ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စပါးစိုက်ခင်းအားလှည့်လည်ကြည့်ရှု  ကြကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 55 guests and no members online