ရှမ်းပြည်နယ်သတင်းများ

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရိကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) သို့တက်ရောက်မည့် ကျောင်းသား/သူများ သြဝါဒခံယူပွဲကျင်းပ

တောင်ကြီး    နိုဝင်ဘာ   -   ၄

268
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၈)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရိကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) သို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ သြဝါဒခံယူပွဲကို နိုဝင်ဘာ(၃)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို ရည်မှန်းချက်(၇)ရပ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများသည် တက္ကသိုလ်တွင် ခင်မင်ရင်းနှီးစွာ နေထိုင်လျက် ပညာရှာမှီး ကြရင်းပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲမှုရရှိစေရန်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့်ဓလေ့ ထုံးစံကောင်းများကို ထိန်းသိမ်းရန်နှင့် နားလည်သဘောပေါက်ရန်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ၏ စားဝတ်နေရေး အဆင့်အတန်းမြင့်မားရေးအတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ထက်သန်စေရန်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင်လိုအပ်သည့် ဦးဆောင်မှုစွမ်းရည်မြှင့်တင်ရန်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးမှုလုပ်ငန်းများ အောင်မြင်မှုကိုရှေးရှု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်၊ ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်သော ပညာရေးဝန်ထမ်း ကောင်းများမွေးထုတ်ပေးရန်နှင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းလိုသည့် စိတ်ဓာတ်ရှင်သန်ပွားများစေရန် စသည့်ရည်ရွယ်ချက် များချမှတ်ခဲ့ပါကြောင်း၊ ယခုနှစ်ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ဖွံ့ဖြိုးရေး တက္ကသိုလ်တက်ရောက်ရန် သင်တန်းသား(၁၆)ဦး၊ စွမ်းရည်ဒီဂရီကောလိပ်ကို တက်ရောက်ရန်(၁၈)ဦး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ)မှ(၂၄)ဦး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ(၁၆)ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ(၁၆)ဦးကို ရွေးချယ် စေလွှတ်ခဲ့ပြီး ရွေးချယ်ခံရမှုအပေါ်တန်ဖိုးထား၍ အတတ်ပညာ၊ အသိပညာများကို ထူးချွန်တက်မြောက်အောင် သင်ယူခဲ့ကြရန် ပြောကြားသွားသည်။
ထို့နောက် ပြည်နယ်ကိုယ်စားပြု ကျောင်းသားခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံရသော တောင်ကြီးမြို့နယ် မှမောင်အာကာမင်းခန့်က ကျောင်းသား/ကျောင်းသူများကိုယ်စား ကတိပြုစကားပြောကြားပြီး ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၈) နှင့်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရိကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) သို့တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများသည် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများဖြစ်၍ အမှတ်ဖြင့် ရွေးချယ်ထားသူများ ဖြစ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး လွိုင်လင် လင်းခေးခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် ပအိုဝ်းနှင့်ဓနုတို့မှ ရွေးချယ်ထားကာ စုစုပေါင်း(၉၀)ဦး တက်ရောက်မည်ဖြစ်ကြောင်းနှင့် သင်တန်းကို ဒီဇင်ဘာလတွင် စတင်တက်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 46 guests and no members online

Latest Updates