တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲ နေ့လွတ်အရုပ်များ ယှဉ်ပြိုင်လျက်ရှိ

တောင်ကြီး    နိုဝင်ဘာ   -   ၆

270
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော တန်ဆောင်တိုင်ပွဲတော်တွင် နိုဝင်ဘာ (၆)ရက် မွန်းလွဲ(၁)နာရီက တတိယနေ့၌ နေ့လွတ်အရုပ်များဖြစ်သည့် ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်း၊ အုပ်စုများ ယှဉ်ပြိုင်လျက် ရှိသည်။
တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်နေ နေ့လွတ်အရုပ်မီးဆရာကျော်ကြီးက ပြိုင်ပွဲဝင်ရန်အတွက် ပွဲတော်မစမီ(၁၅)ရက်
အကြိုကတည်းက နေ့လွတ်ခိုငှက်ရုပ်ကို စတင်ပြုလုပ်ကြောင်းနှင့် ဆီဆိုင်စက္ကူအရွက်(၄၀၀)နှင့် ကုန်ကျငွေ(၉)သောင်းကျပ် ဖြစ်ပြီး ဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကြောင်း၊ ၂၀၁၈ခုနစ်က ပထမအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကာ ကုန်ကျမှုသက်သာပြီး ၂၀၁၉ခုနစ်တွင် ကုန်ကျမှုများကြောင်း၊ ယခုကျွန်တော်တို့ယှဉ်ပြိုင်မယ့် နေ့လွတ်အရုပ်က ခိုငှက်ရုပ်ဖြစ်ကြောင်း ပြောသည်။
ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ နေ့လွတ်စီပီကြက်ဖရုပ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အဖွဲ့ခေါင်းဆောင်စိုင်းမျိုးအောင်ထက်က ပြီးခဲ့သည့်နှစ်တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြောင်း၊ ဒီနှစ်လည်း ဝင်ရောက်ယှဉ်ပြိုင် ပြီးကုန်ကျမှုက(၁)သိန်းခွဲ၊ ဆီဆိုင်စက္ကူအရွက်ရေ(၄၅၀)နှင့် ပွဲတော်မစခင်(၁)လ၌ ကြိုတင်ပြုလုပ်ကြောင်း၊ အပျော်ဝင်ရောက် ယှဉ်ပြိုင်ကာ ဆုကတော့မမျှော်မှန်းပါဘူး ရပါကပျော်ပါကြောင်း ပြောသည်။
အဆိုပါ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်၌ မီးပုံးပျံညမီးကြီး၊ စိန်နားပန်၊ နေ့လွတ်အရုပ်များ ပါဝင်ယှဉ်ပြိုင်ကြပြီး နေ့လွတ်အရုပ်များကို ဌာနဆိုင်ရာ ဒေသခံပြည်သူများ၊ လူကြီးလူငယ်မရွေး ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ဝင်ရောက်ယှဉ်ပြိုင် ကြပြီး နိုဝင်ဘာ(၆)ရက် ပွဲတော်တတိယနေ့ နေ့လွတ်အရုပ်များကို နိုဝင်ဘာ(၅)ရက်က မလွတ်နိုင်သည့် အရုပ်များနှင့်ပေါင်း၍ (၃၃)လုံးလွှတ်တင်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943