ရှမ်းပြည်နယ်သတင်းများ

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး    နိုဝင်ဘာ   -   ၁၃

272
၂၀၁၉ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ(၁၂)ရက် ညနေ(၅)နာရီက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းရင်းသားရိုးရာအဖွဲ့များမှ တိုင်းရင်းသားအကများဖြင့် ကပြဖျော်ဖြေဧည့်ခံပြီး ဆုချီးမြှင့်ပွဲကျင်းပရာ တန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲ(ဝတ္ထုတို) ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများ၊ စာပေပြိုင်ပွဲ(ဆောင်းပါး)ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများ၊ စာပေပြိုင်ပွဲ(ကဗျာ)ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများ၊ စာပေပြိုင်ပွဲ(ကာတွန်း)ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများနှင့် မီးပုံးပျံပြိုင်ပွဲဆုရရှိ သူများအားဆုချီးမြှင့်ရာ ညမီးကြီး၊ စိန်နားပန် စတုတ္ထ၊ ပဉ္စမ၊ ဂုဏ်ပြုဆုနှင့် နှစ်သိမ့်ဆုများ၊ နေ့လွှတ်ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်း၊ အုပ်စု၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ပွဲ၊ မီးပဒေသာလှည့်လည် ပူဇော်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများ၊ တန်ဆောင်တိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲသီချင်းပြိုင်ပွဲ ပထမနှင့် နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ ပြည်နယ် တရားလွှတ်တော်၊ တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးတို့မှ အသီးသီးဆုများ ချီးမြှင့်ပေး၍လည်းကောင်း၊ ညမီးကြီးပထမဆုရရှိသော ရေအေးကွင်းရပ်ကွက်မှ တိမ်ယံမီးကို ငွေကျပ်(၇၅)သိန်း၊ ဒုတိယဆုရရှိသော မင်္ဂလာဦးရပ်ကွက်မှ ဓါတ်ခဲ(A)မီးကို ငွေကျပ်(၆၀)သိန်း၊ တတိယဆုရရှိသော မြို့မရပ်ကွက်မှ သွေးသစ်မီးကို ငွေကျပ်(၅၀)သိန်းနှင့် စိန်နားပန်ပထမဆုရရှိသော အေးသာယာရပ်ကွက်မှ ရောင်စုံမီးကို ငွေကျပ် (၃၅)သိန်း၊ ဒုတိယဆုရရှိသော ရွှေတောင်ရပ်ကွက်မှ ဒိန်ချဉ်မီးကို ငွေကျပ်(၂၅)သိန်း၊ တတိယဆုရရှိသော ကံသာ ရပ်ကွက်မှမော့ကြည့်မီးအား ငွေကျပ်(၂၃)သိန်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်းတို့က ဆုများအသီးသီးချီးမြှင့်ပေးကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ ကိန္နရာအက၊ လက်သိုင်းအကတို့ဖြင့် ဖျော်ဖြေပြီး၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့က တန်ဆောင်တိုင်ပိတ်ပွဲသီချင်းဖြင့် ကပြဖျော်ဖြေကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၁၃၈၁ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား ပိတ်သိမ်းကြောင်းကြေငြာပြီး၊ ပိတ်ပွဲ အထိမ်းအမှတ် မီးရှူးမီးပန်းများပစ်ဖောက်ကာ ညမီးကြီးမီးပုံးပျံ(၁)လုံး၊ စိန်နားပန်မီးပုံးပျံ(၁)လုံးနှင့် မီကိုကော်ဖီမစ် ကုမ္ပဏီမှ မီးပုံးပျံငယ်အလုံး(၁၀၀၀)နှင့် နက်စ်ကော်ဖီမစ်ကုမ္ပဏီမှ မီးပုံးပျံငယ်အလုံး(၁၀၀၀)လုံးတို့ကို လွှတ်တင် ကြသည်။
အဆိုပါ ရှမ်းပြည်နယ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံဆုချီးမြှင့်ငွေစုစုပေါင်း (၈၂၂၃၀၀၀၀ိ/) ကျပ် ရှစ်ရာနှစ်ဆယ့်နှစ်သိန်းသုံးသောင်းတိတိနှင့် မီးပဒေသာ လှည့်လည်ပြိုင်ပွဲတွင် ချီးမြှင့်ငွေစုစုပေါင်းမှာ (၁၀၀၀၀၀၀၀ိ/) ကျပ်သိန်းတစ်ရာတိတိဖြစ်ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09 250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 72 guests and no members online