ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အတွင်းရှိဌာနဆိုင်ရာများအားe-government အထောက် အကူပြုအခြေခံ ကွန်ပျူတာသင်တန်းဖွင့်

တောင်ကြီး         နိုဝင်ဘာ    -၂၅

278
ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံကွန်ပျူတာ ဘာသာရပ်များအား နားလည် တတ်ကျွမ်းစေရန်နှင့် e-government ဖော်ဆောင်ရာတွင် ဌာနဆိုင်ရာအသီးသီးမှ လိုက်ပါဆောင်ရွက်နိုင်စေရန် အတွက် ရည်ရွယ်ပြီး နိုဝင်ဘာ(၂၅)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအား e-government အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ် ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်အစိုးရသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာတွင် သန့်ရှင်းသောအစိုးရ(clean government) ကောင်းမွန်သောအုပ် ချုပ်မှုစနစ်(good governance) ဖြစ်ပေါ်စေရေးသည် အလွန်အရေးကြီးသော အခြေခံအချက်ဖြစ်သောကြောင့် ရုံးဌာနများ၌လုပ်ငန်းများဆောင်ရွက်ရာတွင် e-government စနစ်ဖြင့်စနစ်တကျ ဆောင်ရွက်နိုင်ခြင်းသည် ဒီမိုကရေစီ၏ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်အောင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ယနေ့စတင်ဖွင့်လှစ်၍သင်ကြားပို့ချသော e-government အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းအား တက်ရောက်သင်ကြားခြင့်ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသောနိုင်ငံ့ဝန်ထမ်းများသည် e-government ဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ပိုမိုစိတ်ဝင်စားလာပြီးမိမိတို့ လုပ်ငန်းများအတွက်လည်း တစ်ဖက် တစ်လမ်းမှ ပိုမိုအထောက်အကူဖြစ်စေနိုင်သည့် အကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်ကြောင်းe-government လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နိုင်ငံ့ဝန်ထမ်းများမှတစ်ဆင့် ဒေသခံပြည်သူများထံ ဆင့်ပွားအသိပေး နိုင်ခြင်းဖြင့် နိုင်ငံတော်မှရှေ့ဆက်မည့်လုပ်ငန်းများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဖြစ်ပြီး သန့်ရှင်းသောအစိုးရ (clean government) ကောင်းမွန်သောအုပ်ချုပ်မှုစနစ် (good governance) အတွက်များစွာအထောက်အကူပြုမည်ဖြစ်၍ အလေးအနက်ထားကာ လေ့လာမှတ်သား သွားကြရန်ပြောကြားသွားသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှနည်းပြဆရာ/ဆရာ မများသင်တန်းသူသင်တန်းသားများ တက်ရောက်ကြပြီး၊ သင်တန်းကိုနိုဝင်ဘာ(၂၅)ရက်မှ(၂၉)ရက်နေ့အထိဖွင့် လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 108 guests and no members online