ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E Ms.Andrea Faulkner အဖွဲ့နှင့်လက်ခံတွေ့ဆုံ

တောင်ကြီး ဒီဇင်ဘာ-၁၀

296

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့်အတူ ဒီဇင်ဘာ(၁၀)ရက်မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ်ဝန်ကြီးချုပ်၏ (call)ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံ အမတ်ကြီး H.E Ms. Andrean Faunlkner ဦးဆောင်သောအဖွဲ့နှင့် လက်ခံတွေ့ဆုံကြောင်းသိရသည်။ 

ထိုသို့တွေ့ဆုံရာတွင် သြစတြေးလျသံအမတ်ကြီး H.E. Ms. Andrean Faunlkner က ရှမ်းပြည်နယ်ရှိ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ်များလည်း သိလိုကြောင်း ဆွေးနွေး သွားသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခု သြစတြေးလျသံအမတ်ကြီးအနေဖြင့် လာရောက်တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အကြံကောင်းအသိဉာဏ်ကောင်းများ ပေးပါက လှိုက်လှိုက် လှဲလှဲကြိုဆိုပါကြောင်း ပြောကြားဆွေးနွေးသွားကြောင်း သိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 85 guests and no members online