ရှမ်းပြည်နယ်သတင်းများ

ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး

ဟဲဟိုး ဒီဇင်ဘာ - ၁၁

297

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီခွဲက ဟဲဟိုးမြို့၊ မြို့လယ်ဓမ္မာရုံ၌ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဒေသခံပြည်သူများ၏လိုအပ်ချက်များဖြစ်သော လမ်းကိစ္စရပ်များ၊ မြို့နယ်စည်ပင်သာယာရေး ကိစ္စရပ်များ၊ ပြည်တွင်းအခွန်ကိစ္စရပ်များ၊ ကျန်းမာရေး၊တိုင်းရင်းဆေး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ လုပ်ငန်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်ပေးကြပြီး၊ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းတွင် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုဇယားများ၊ လယ်ယာမြေ ပုံစံ(၇) များ၊ ယာဉ်မောင်းလိုင်စင်များတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က ဒေသခံပြည်သူများအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ဟဲဟိုးမြို့ရှိ လေသာတောင်ဘုရားစေတီ သို့ တက်ရောက်ဖူးမျှော်ကြည်ညိုကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း(၂၀)ကို ပေးအပ် လှူဒါန်းရာ အဆိုပါဘုရားဂေါပကမှ လက်ခံရယူပြီးနောက် အင်းခေါင်းဆည်(ဟဲဟိုး)ရှိ စိုက်ပျိုးရေးခြံသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 94 guests and no members online