ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် ဓါတ်ပုံအသင်း နှစ်ပတ်လည်အထိမ်းအမှတ်ကျင်းပ

တောင်ကြီး ဒီဇင်ဘာ   -   ၁၆

298

၂၀၁၉ခုနှစ် ရှမ်းပြည်နယ် ဓါတ်ပုံအသင်း နှစ်ပတ်လည်အထိမ်းအမှတ်ကို ဒီဇင်ဘာ(၁၃)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့ Classic Hall ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ရှမ်းပြည်နယ် ဓါတ်ပုံအသင်း၏ ပရဟိတစိတ်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တောင်ကြီးအထူးဓမ္မသဘင်တွင် (၅)ရက်တိုင်တိုင် ညစဉ်မပျက်မကွက်ဓါတ်ပုံမှတ်တမ်းများ ရိုက်ကူးပုံဖော်ပေးခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှမ်းပြည်နယ် ဓါတ်ပုံအသင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးတရားပွဲ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင်လည်း ဓါတ်ပုံမှတ်တမ်း ရိုက်ကူးပေးခဲ့သည့်အတွက် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အသင်းသူ၊ အသင်းသားများ၏ စည်းလုံးညီညွှတ်မှုကို ဒီထက်မကပိုပြီး ကျစ်လစ်ခိုင်မာသည့် အင်အားတစ်ခုဖြစ်ရန်နှင့် အတွင်းရန်၊ အပြင်ရန်တို့ကိုလည်း စည်းလုံးညီညွှတ်မှုအင်အားဖြင့် အောင်မြင်ကျော်လွှားနိုင်အောင် ဆောင်ရွက်ကြရန် ပြောကြား သည်။

ဆက်လက်၍ ရှမ်းပြည်နယ် ဓါတ်ပုံအသင်း ဥက္ကဋ္ဌဦးမောင်ကြီးက အသင်း၏လှုပ်ရှားဆောင်ရွက်မှုများအား ရှင်းလင်း ပြောကြားပြီး၊ မိမိမြို့နယ်အတွင်း ဓါတ်ပုံပညာပြန့်ပွားအောင် ဆောင်ရွက်ပေးသူများနှင့် ရှမ်းပြည်နယ် ဓါတ်ပုံပညာအသင်းအား ပံ့ပိုးကူညီသူများ၊ ရှမ်းပြည်နယ် ဓါတ်ပုံအသင်းမှ လပတ်ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများ၊ ရှမ်းပြည်နယ် ဓါတ်ပုံအသင်း နှစ်ပတ်လည် အထိမ်းအမှတ်၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲ ဆုရရှိသူများနှင့် အကောင်းဆုံးဆု ရရှိသူများတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် တာဝန်ရှိသူများမှ ဆုချီးမြှင့် ပေးကြသည်။

ထို့နောက် ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများကိုယ်စား ၂၀၁၉ခုနှစ် အကောင်းဆုံးဓါတ်ပုံပညာရှင်ဆုရရှိသူ ကျော်နိုင်လင်း (လရိပ်ပြာ)မှ ကျေးဇူးတင်စကားပြောကြားပြီး၊ ရှမ်းပြည်နယ် ဓါတ်ပုံအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ဦးမှ နိဂုံးချုပ်စကား ပြောကြားကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 67 guests and no members online

Latest Updates