ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော်ကျင်းပ

ဟဲဟိုး       ဒီဇင်ဘာ   −   ၂၃

305

ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agriculture Symposium) ကို ဒီဇင်ဘာ(၂၂)ရက် နံနက်(၁၀)နာရီက ကလောမြို့နယ် အင်းခေါင်းကျေးရွာ ဟဲဟိုးခြံ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူနှင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့က အမှာစကားအသီးသီး ပြောကြားကြ သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုကျင်းပသော စိုက်ပျိုးရေးစုံညီ ပွဲတော်သည် ရှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ်  ကျင်းပပြုလုပ်သည့် ပွဲတစ်ခုဖြစ်ပါကြောင်း၊ ပွဲတော်ကြီးကို အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ တောင်သူ လယ်သမားအစုအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ အားလုံးပူးပေါင်းပါဝင်ပြီး ရေရှည်တည်တံ့သည့် လယ်ယာကုန်ထုတ်လုပ်မှု စနစ်ထွန်းကားစေ၍ လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသည့်စျေးနှုန်းနှင့် စျေးကွက်ရရှိစေရန် စိုက်ပျိုးရေး သုံးစက်ကိရိယာများအား တောင်သူများပိုမိုသိရှိနားလည်အသုံးပြုတတ်ပြီး ထုတ်လုပ်မှုတိုးတက်စေရန် တောင်သူများလူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုမှ ပြည်နယ်တစ်ခုလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်ကောင်း များနှင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသွားသည်။

ထို့နောက် စိုက်ပျိုးရေးစုံညီပွဲတော်ကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စိုက်ပျိုးရေးစုံညီပွဲတော်ရှိ စံပြစိုက်ခင်းများ၊ မွေးမြူရေးပြခန်းများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 61 guests and no members online