ရှမ်းပြည်နယ်သတင်းများ

(၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ   −   ၂၃

306

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၆၂)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၂၂)ရက် ည(၆)နာရီက တောင်ကြီးမြို့နယ် အေးသာယာရှိ အေးသာယာဂေါက်ကွင်း၌ ကျင်းပသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း အကျောပေး၊ အကျောမဲ့၊ အသင်းလိုက် အကျောမဲ့၊ အကျောပေးစသည်တို့ကို ယှဉ်ပြိုင်ကစားကြပြီး၊ အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း အကျောမဲ့၊ အကျောပေး ဆုရရှိ သူများနှင့် အမျိုးသမီးဒိုင်းဆုရရှိသော တောင်ကြီး(က)အသင်း၊ အမျိုးသား အကျောပေးဒိုင်းဆုရရှိသော တာချီလိတ်အသင်း၊ အမျိုးသား အကျောမဲ့တံခွန်စိုက်ဒိုင်းဆုနှင့် ဆင့်ပွားဒိုင်းဆုရရှိသော အောင်ပန်း(က)အသင်း၊ ဧည့်သည်တော်ဆုရရှိသူများတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 41 guests and no members online