ရှမ်းပြည်နယ်သတင်းများ

အောင်သပြေ အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၂၁

18

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း (အောင်သပြေ)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အောင်သပြေအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အ.ထ.က(အောင်သပြေ)မှ သတ္တမတန်းကျောင်းသား/ ကျောင်းသူလေးများက “စုံညီပွဲတော် ဒို့နွဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သည့် လူသားအရင်းအမြစ်များ များစွာလိုအပ် ပါကြောင်း၊ မိဘဆရာပူးပေါင်းပြီး နိုင်ငံတော်က လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးကြရ မှာဖြစ်ပါကြောင်း၊ သင်ရိုးသစ်သင်ကြားသင်ယူမှုလုပ်ငန်းများမှာ ကလေးများကို အလွတ်ကျက်မှတ်မှုကို အားမပေးဘဲ ကိုယ်တိုင်လက်တွေ့ဆောင်ရွက်စေပြီး တက်မြောက်အောင် (Self Study)၊ လေးနက်စွာ တွေးခေါ်ပြီး စွန့်ဦးတီထွင်နိုင်အောင် ကိုယ်စွမ်းကိုယ်စ ကိုယ်ပိုင်ဉာဏ်ထုတ်လျက်သင်ယူခြင်း (Initiative Learning)၊ တီထွင်ဖန်တီးနိုင်သော (Creative Learning)တို့ဖြင့် သင်ယူတက်မြောက်နိုင်အောင် စီမံထားရှိ ပါကြောင်း၊ ရှမ်းပြည်နယ်၏ ကျေးလက်ဒေသနှင့် နယ်စပ်ဒေသများပါမကျန် တိုင်းရင်းသားလူငယ်များ ပညာသင်ယူမှု အခွင့်အလမ်းများရရှိစေရန် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်တစ်ခုလုံး၌ အ.ထ.က (၁၄)ကျောင်း အပါအဝင် ရှမ်းပြည်နယ်အတွင်း အခြေခံပညာကျောင်း(၆၃၉)ကျောင်း၊ ပုဂ္ဂလိကကျောင်း (၁၂၆)ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၈၈)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၉)သိန်းကျော် ပညာသင်ကြားလျက်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာနှင့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)အတွက် အားကစားပစ္စည်း များအား ပြည်နယ်လူမှုရေးဝန်ကြီးမှ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော တတိယတန်းမှ နဝမတန်းအထိ ထူးချွန်ကျောင်းသား/ ကျောင်းသူများကို တာဝန်ရှိသူအသီးသီးမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အမှတ်(၂၂၂)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်း၊ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်တို့မှ အသီးသီးအမှာစကားပြောကြားပြီး အောင်သပြေ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမှ ကျောင်း၏ အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အမှတ်(၂၂၂)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်း၊ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 82 guests and no members online