ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တောင်ကြီး ဇန်နဝါရီ - ၂၂

22

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့နှင့်အတူ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ်၏ Call ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr Scot Marciel ဦးဆောင်သောအဖွဲ့နှင့် လက်ခံတွေ့ဆုံကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr Scot Marciel က ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ယခုလက်ရှိလုပ်ငန်းများ မည်ကဲ့သို့ဆောင်ရွက်နေသည်ကို လာရောက်နားထောင်ရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် အကြောင်းအရာတို့ကိုလည်း သိချင်ပါကြောင်း၊ စိုက်ပျိုးရေးတွင် လိုအပ်သောနည်းပညာများကို ထောက်ပံ့ပေးအပ်မှုများတွင် အောင်မြင်မှုရရှိနေပြီဖြစ်ကြောင်း၊ ကျန်သည့် နေရာများတွင် အောင်မြင်မှုရရှိရန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ဂုဏ်ပြုလေးစားပါကြောင်း၊ မိမိတို့နိုင်ငံမှ မူးယစ်ဆေးဝါးထောက်လှမ်းနိုင်မည့် စက်အသေးစားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လှူဒါန်းထားပြီးဖြစ်ကြောင်း၊ လက်ရှိလှူဒါန်းထားသော စက်များဖြင့် မြန်မာနိုင်ငံ တွင် အသုံးပြုမည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်-မြန်မာစီးပွားရေးတိုးတက်အောင်မြင်ရန်အတွက် ဆောင်ရွက်နေသည် ကို မိမိတို့အနေဖြင့် အကျိုးရုတ်စေမည့် စိတ်သဘောထားမရှိပါကြောင်း၊ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု ရှိပါက မိမိတို့ဘက်မှလည်း သေချာစွာ စိစစ်ပြီး လက်မှတ်ရေးထိုးပါကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလိုပါကြောင်းနှင့် ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲအတွက် လုပ်ငန်းများ စတင်လုပ်ကိုင်ဆောင်ရွက်နေပြီလား သိရှိလိုပါကြောင်း ဆွေးနွေးသွား သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မိမိတို့ အစိုးရ အဖွဲ့အနေဖြင့် သံအမတ်ကြီးအား လက်ခံတွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း၊ ယခုအချိန်တွင် အဆွေတော်အနေဖြင့် ရှမ်းပြည်နယ်ကိုရောက်လာသည့်အတွက် ချယ်ရီပန်းပွင့်ကာလနှင့် ကြုံနေသည့် အတွက် သာယာဆုံးအချိန်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် ဖွံ့ဖြိုးဆဲပြည်နယ်ဖြစ်ပြီး ဖွံဖြိုးနိုင်ရန် ရုန်းကန် နေရပါကြောင်း၊ ရှမ်းပြည်နယ်သည် အကျယ်ဆုံးပြည်နယ်ဖြစ်၍ တိုင်းရင်းသားလူမျိုး ၃၀ ကျော်နေထိုင် သည်ကို သံအမတ်ကြီးသိရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်းများကို လုပ်ကိုင်ပြီး တိုးတက်ပြောင်းလဲလာသလို မငြိမ်းချမ်းသေးသည့်ဒေသများလည်း ရှိနေသောကြောင့် နောက်ကျကျန်ခဲ့သည့် နေရာများလည်း ရှိနေသေးပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်ခေါင်းဆောင် အကြီးအကဲများမှ ၂၁ ပင်လုံ ညီလာခံတွင် ဆွေးနွေးနေပြီး မကြာမီငြိမ်းချမ်းရေးရရှိတော့မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အကျဉ်းချုပ်တင်ပြရခြင်း ဖြစ်ကြောင်း ဆွေးနွေးသွားသည်။

ထို့နောက် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို အဓိကထားပါကြောင်း၊ ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးကို တိုးတက်အောင်မြင်အောင် ကြိုးစားနေ ပါကြောင်းနှင့် လက်ဖက်၊ ထောပတ်တို့ကို တိုးတက်အောင်မြင်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ကြိုးစားနေပါကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ပြည်သူအားလုံးပါဝင်ကာ ကြိုးစားဆောင်ရွက်နေပြီး နယ်စပ် ဒေသစီးပွားရေးလုပ်ငန်းများကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြိုးစားနေပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 66 guests and no members online

Latest Updates