တောင်ကြီးမြို့၊ ကုန်စည်ပြပွဲဖွင့်ပွဲကျင်းပ

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ မတ် ၁ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ ကုန်စည်ပြပွဲဖွင့်ပွဲ ကျင်းပရာ အခမ်းအနာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်န် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးမာ နှင့် အဖွဲ့ဝင်များ၊ ပြပွဲတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

  အခမ်းအနားတွင် တောင်ကြီးမြို့ ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဦးခွန်သိန်းမောင်နှင့် ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး ဒေါ်အေးအေးမာတိုကပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ် နှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန မူကြိုကျောင်းမှကလေးများ၊ ILBC မူကြိုကလေးများကပြဖျော်ဖြေ နေမှုများကိုလည်း ကြည့်ရှု အားပေး ကြသည်။

   အဆိုပါတောင်ကြီး ကုန်စည်ပြပွဲတွင် အလှကုန်ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း မျိုးစုံ၊ အဝတ်အထည်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ကွန်ပျူတာပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ နှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ပြသရောင်းချလျှက်ရှိပြီး၊ ပြပွဲကို မတ်လ ၁ ရက် မှ ၅ ရက်နေ့အထိ၊ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသရောင်းချလျှက်ရှိကြောင်းသိရသည်။