ပေါ်တော်မူဘွဲ့ အမည်(၇)စေတီတော်မြတ် ရွှေထီးတော်တင်လှူပူဇော်ပွဲ
တောင်ကြီး ဖေဖော်ဝါရီ ၂၆
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ နယ်၊ ပွေးလှကျေးရွာအုပ်စု ၊ဆံတော်ရှင်တောင်၌ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ၊ ဇနီးဒေါ်ဖြူဖြူညွန့် ၊ သမီး မစုမြတ်ဖြူ ၊ မအေးမြတ်ဖြူ ၊ သား မောင်ထက်မြတ်အောင် မိသားစုတို့မှ လှူဒါန်းသည့် ပေါ်တော်မူဘွဲ့ အမည်(၇)စေတီတော်မြတ် ရွှေထီးတော် တင်လှူ ပူဇော်ပွဲ သို့ တက်ရောက် ကြည်ညိုကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ၊ဧည့်သည်တော်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ သည် ရွှေထီးတော်တင်၊ ငှက်မျက်နားတော် ၊ စိန်ဖူးတော်တို့ကို မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော် ကြပြီးနောက်ရတနာရွှေမိုး ၊ငွေမိုးများ ရွာသွန်းပေးကြသည်။
၄င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ရွှေထီးတော်တင်လှူပူဇော်ပွဲသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။
We have 62 guests and no members online