ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး  မတ်  (၇)

 

02

 

01

 

03

 

     ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊  လင်းခေးခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်/ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်(၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူးများ၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနနှင့် တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ လွိုင်လင် ခရိုင်အုပ်ချုပ်ရေးမှူး၊  လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တောင်ကြီး၊ လွိုင်လင်၊ လင်းခေးခရိုင်အတွင်းရှိ  မြို့နယ်/ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။
    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်က ဥပဒေရေးရာကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးသိန်းမြင့်က စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။
    ထို့နောက် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင်က ဦးစီးဌာန၏ လုပ်ငန်းဆိုင်ရာအခြေအနေများ ရှင်းလင်း တင်ပြခဲ့ပြီး၊ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူးများက မိမိဒေသ၏ လုပ်ငန်းဆိုင်ရာအချက်အလက်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေး(ပထမပိုင်း)ကို ခေတ္တရပ်နားခဲ့သည်။
    အစည်းအဝေး(ဒုတိယပိုင်း)ကို နေ့လည်(၁)နာရီခွဲတွင် ဆက်လက်ကျင်းပရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင်က အမှာစကားပြောကြားပြီး တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်အတွင်းရှိ မြို့နယ်/ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးများက မိမိဒေသ၏ လုပ်ငန်းဆိုင်ရာအချက်အလက်များကို အသီးသီးရှင်းလင်း တင်ပြခဲ့ကြပြီး  ပြည်နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 40 guests and no members online

Latest Updates