ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

တောင်ကြီး  မတ်  ၀၉

 

3

 

2

 

1

 

4

 

    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို မတ်လ(၉)ရက် နံနက်(၉)နာရီခွဲက ဆီဆိုင်မြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
   အခမ်းအနားတွင် ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်က ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်က ဖြည့်စွက်ရှင်းလင်းတင်ပြ၍ ဒေသခံပြည်သူများမှ အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
  ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက် ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ်(၁ဝ)သိန်းစီအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
    ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်မှ လုပ်ငန်းဆိုင်ရာများအားရှင်းလင်းဆွေးနွေးပြီးနောက် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်က ဥပဒေရေးရာ ကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်းရှင်းလင်းပြောကြားသည်။
    ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်က အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ်လမ်းညွှန်အမှာ စကားပြောကြားခဲ့သည်။

 

5

 

6

 

7

 

   တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ဆက်သွယ်ဖောက်လုပ်ထားသည့် တောင်ငူ - လိပ်သို - ယာဒို - လွိုင်ကော် - ဟိုပုံးလမ်း ကတ္တရာ ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက  ရှင်းလင်းတင်ပြခဲ့သည်။
  ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဆီဆိုင်မြို့ ရေပေးဝေမှုလုပ်ငန်း ဆောင်ရွက်နေသည့် ဆီဆိုင်မြို့ ဇဝနရာမ ပရိပတ္တိစာသင်တိုက်အနီးရှိ ပင်မရေထွက်ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း တင်ပြခဲ့သည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 69 guests and no members online