တောင်ကြီး မတ်လ ၂၁
ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်သည် ညောင်ရွှေမြို့နယ် အင်းလေး ဒေသ ကြေးစားမြောက်ရွာ ၊ ကြေးစားတောင်ရွာ၊ ကြေးစားအောက်ရွာ၊ မင်းချောင်းလယ်ရွာ၊ မင်းချောင်းနောက်ရွာနှင့် ပွဲစားကုန်းကျေးရွာတို့မှ ဒေသခံ အင်းတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲကို မတ်လ(၂၁)ရက် နေ့လည်(၂)နာရီခွဲက ကြေးစားကုန်း ဘုရားကျိန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးမှ အင်းလေးဒေသသည် ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့လာသည့် နေရာတစ်ခုဖြစ်သည့်အားလျော်စွာ ပြောင်းလဲလာသည့်ခေတ်စနစ်နှင့်အညီ စီးပွားရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ၊ ယနေ့ တွေ့ဆုံပွဲ ပြုလုပ်ရခြင်းသည် အင်းလေးဒေသအတွင်း စီးပွားရေးနှင့်လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြစ်ခြင်းကြောင့် ဒေသခံများ၏ တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးကြရန် ပြောကြား ခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများမှ အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးရန် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး၊ ကျေးရွာလျှပ်စစ်မီး သုံးစွဲနိုင်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးစေလိုကြောင်းဖြင့် တင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးမှ မေးမြန်းချက်များ အပေါ်ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြား ပေးခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။
We have 249 guests and no members online