၂ဝ၁၃ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

တောင်ကြီး  မတ်လ  ၂၄

 

1

 

2

 

3

 

   ၂ဝ၁၃ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌  ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာမျိုးထွန်း တက်ရောက်အမှာစကားပြောကြားသည်။
    ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ (၂ဝ၁၃)ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းအား ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးမှ ဖတ်ကြားပြီး ပြည်နယ်တီဘီရောဂါဝန်ကြီး ဒေါက်တာဇော်မြင့်က တီဘီရောဂါအကြောင်း သိကောင်းစရာနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
   ၎င်းနောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မှတ်တမ်းဓါတ်ပုံများ၊ စာအုပ်စာစောင်များနှင့် ဆေးဝါးပစ္စည်းများကို လိုက်လံကြည့်ရှုခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ သူနာပြု/သားဖွားသင်တန်းကျောင်းမှ သင်တန်းသူ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။