ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ဓနုဆုံဆည်းရာနေ့ အခမ်းအနားတက်ရောက်

တောင်ကြီး   မတ်   ၂၅

 

0011

 

0022

 

0033

 

0055

 

0044

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် သည် မတ်(၂၅) ရက် နံနက်(၈)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ ရွှေဥမင်ဘုရား ရင်ပြင်ရှေ့၌ ကျင်းပပြုလုပ်သည့် ဓနုဆုံဆည်းရာနေ့ အခမ်းအနား သို့တက်ရောက် အမှာစကား ပြောကြားသည်။


    ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှုမောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကို တို့က အမှာစကားပြောကြားပြီး ဓနုတိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာကျော်လွင်ထူးက ဆွေးနွေးတင်ပြသည်။

 

  ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းအတွက် အလှူငွေကျပ်(၁ဝ) သိန်း ၊ တောင်ရိုး စာပေနှင့်ယဉ်ကျေးမှုအသင်းအတွက် အလှူငွေကျပ်(၅)သိန်းကို လည်းကောင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ က ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းအတွက် အလှူငွေ ကျပ်(၁၂)သိန်းကိုလည်းကောင်း ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှုမောင်က ဓနုစာပေယဉ်ကျေးမှုနှင့်ဒေသဖွံ့ဖြိုးရေး အသင်းအတွက် အလှူငွေကျပ်(၁)သိန်းကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

   ဆက်လက်ပြီး ဓနုဆုံဆည်းရာနေ့ သီချင်းနှင့် ရိုးရာမပျက် ဓနုခြေလက်၊ သိုင်းကကွက်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဆွမ်းတော်ကြီးဝင် ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ဆက်လက်ကျင်းပ ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ၊ ဧည့်သည်တော်များမှ ဦးဆောင်၍ ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။


   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့် ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စာပေယဉ်ကျေးမှုအသင်း များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။