ရှမ်းပြည်နယ်သတင်းများ

ပထမအကြိမ်ရှမ်းပြည်နယ်လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

တောင်ကြီး ဧပြီ ၀၁

 

L01

 

L12

 

L10

 

L05

 

L07

 

L08

 

L09

 

   ပထမအကြိမ်ရှမ်းပြည်နယ်လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ကို ဧပြီလ(၁)ရက် နေ့ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော် ကိုယ်စားလှယ်(၁၄၂)ဦးရှိသည့်အနက်(၁၂၇)ဦးတက်ရောက်ခဲ့ပါသည်။
    ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကတိသစ္စာမပြုရသေးသော တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးပါသည်။
  အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က မိန့် ခွန်းပြောကြားပါသည်။ထို့နောက်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း(၇)ခုကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများကဖြေကြားခြင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရသုံးမှန်ခြေငွေစာရင်းနှင့် ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)နှင့်ရှမ်းပြည်နယ်၏ဒေသန္တရ စီမံကိန်းဥပဒေ(မူကြမ်း)တို့အား တင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ အဆို(၂)ရပ် တင်သွင်းခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လယ်ယာမြေဥပဒေနှင့်နည်းဥပဒေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်နည်းဥပဒေများရှင်းလင်းတင်ပြခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ဆောင်ရွက်မည့် သစ်တော ကဏ္ဍလုပ်ငန်းများအားရှင်းလင်းတင်ပြခြင်း၊ ရှမ်းပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာတို့အားရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
    ပထမအကြိမ်ရှမ်းပြည်နယ်လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)အစီအစဉ်ကို ညနေ(၄:၁၅)တွင် ရပ်နားခဲ့ပါသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 61 guests and no members online