ရှမ်းပြည်နယ်သတင်းများ

၁၃၇၄ခု တောင်ကြီးမဟာသင်္ကြန် ဖွင့်ပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၁၃

 

01

 

02

 

03

 

04

 

08

 

07

 

05

 

06

 

09

 

   ၁၃၇၄ ခု တောင်ကြီးမြို့ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဧပြီ(၁၃)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့သည်။


  ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


   ထို့နောက် တေးသံရှင်များက တေးသံသာများဖြင့် သီဆိုတင်ဆက်ကြပြီး၊ ယိမ်းအကအဖွဲ့များက ညီညာစွာကပြဧည့်ခံဖျော်ဖြေခဲ့ကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား အတာရေပက်ဖျန်းပေးကြသည်။


   ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုမဏ္ဍပ်အား ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်းကို ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူ တစ်ဦးမှ လက်ခံရယူခဲ့သည်။

 

  ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရွှေနေကြာမဏ္ဍပ်၊ ရိုးရာသင်္ကြန်ပွဲတော်မဏ္ဍပ်၊ တိုင်းရင်းသားငြိမ်းချမ်းရေးမဏ္ဍပ်၊ ချယ်ရီသင်္ကြန်မဏ္ဍပ်၊ အိပ်မက် သင်္ကြန်မဏ္ဍပ်တို့အား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး မဏ္ဍပ်အသီးသီးတွင် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 116 guests and no members online