ရှမ်းပြည်နယ်သတင်းများ

နိုင်ငံခြားသံတမန်အဖွဲ့ဝင်များ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ အလည်အပတ်ရောက်ရှိ

‌တောင်ကြီး ဧပြီ ၁၇

 

1

 

 

2

 

11

 

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်သော နိုင်ငံ(၁၂)နိုင်ငံမှ နိုင်ငံခြားသံတမန် အဖွဲ့ဝင်များနှင့် မိသားစုများ (UNRC)(UNHCER)(ICRC)မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ဧပြီ(၁၇)ရက် နေ့လည်(၁၂)နာရီက မြန်မာ့လေကြောင်းလေယာဉ်ဖြင့် ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များက ပန်းစည်းဆက်၍လည်းကောင်း၊ ရိုးရာ အဆို၊ အတီး၊ အကများဖြင့်လည်းကောင်း လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့သည်။

 

  ထို့နောက် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော သံတမန်အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် အေးသာယာဂေါက်ကွင်း ဟိုတယ်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့နယ်၏ အထင်ကရဖြစ်သော ထန်စန်းသဘာဝလိုဏ်ဂူသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။

 

3

 

4

 

5

 

   ၎င်းနောက် ည(၇)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ဧည့်သည်တော် သံတမန်အဖွဲ့များအား အေးသာယာဂေါက်ကွင်းဟိုတယ်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံရာ ဒေသခံ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ရိုးရာအဆို၊ အတီး၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ညစာစားပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးက ယဉ်ကျေးမှုအကအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံခြားရေးဝန်ကြီးနှင့် သံတမန်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 96 guests and no members online