အောင်ပန်းမြို့တည် နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် ရာပြည့်နာရီစင်ဖွင့်ပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၁၇

 

06

 

07

 

   အောင်ပန်းမြို့တည် နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ် ရာပြည့်နာရီစင်ဖွင့်ပွဲအခမ်းအနားကို ဧပြီ(၁၇)ရက် နံနက်(၉)နာရီက အောင်ပန်းမြို့လည်ရှိ အဆိုပါနာရီစင်ရှေ့၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


  အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အောင်ပန်းမြို့ နှစ်(၁ဝဝ)ပြည့်ပွဲတော်ဖြစ်မြောက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဦးသိန်းဝင်းနှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဌ ဦးအောင်သိန်းဝင်းတို့က ရာပြည့်နာရီစင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဒေသခံတိုင်းရင်းသားများနှင့် အတူ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

 

ပြည်နယ်ပြန်/ဆက်