တောင်ကြီးမြို့၌ CDMA – 800MHz တန်ဖိုးနည်း မိုဘိုင်းဖုန်းများ မဲစနစ်ဖြင့် ထုတ်ပေး

‌တောင်ကြီး ဧပြီ ၂၃

 

1

 

 

 

2

 

    အခြေခံလူတန်းစားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျပ်(၁၅ဝဝ)နှုန်းနှင့် CDMA – 800MHz တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား မဲစနစ်ဖြင့် ထုတ်ပေးခြင်းကို ဧပြီ (၂၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့  မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။


   ရှေးဦးစွာ တောင်ကြီးမြို့နယ် တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချရေးလုပ်ငန်းကော်မတီ ဥက္ကဌ ၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက တန်ဖိုးနည်းဖုန်းများ မဲစနစ်ဖြင့် ချထားပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဖုန်းလျှောက်ထားသည့် ပြည်သူများကိုယ်စား ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များက ဖုန်းပေါက်မဲများကို မဲနှိုက်ရွေးချယ်ပေးကြသည်။


   ထိုသို့ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ မဲစနစ်ဖြင့် ထုတ်ပေးရာတွင် လျှောက်ထားသူ ပြည်သူပေါင်း(၄၇ဝဝ)ဦးရှိသည့်အနက် (၂၅၅ဝ)ဦး မဲပေါက်မည်ဖြစ်ပြီး မဲမပေါက်သူများကိုလည်း နောင်လာမည့်အကြိမ်တွင် ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချရေးလုပ်ငန်းကော်မတီ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသွားသည်။

 

 

ပြည်နယ်  ပြန်/ဆက်