အတိဒုလ္လဘတရ ဥပသမ္ပဒ ပဗ္ဗဇ္ဇသာမဏေရမင်္ဂလာနှင့် ဗုဒ္ဓဘာသာအဆုံးအမခံယူပွဲ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းဝင်ကတ်များပေးအပ်လှူဒါန်း

တောင်ကြီး  ဧပြီ   ၂၉

 

1

 

2

 

     ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့ ပြည်သူ့အားကစားကွင်း၌ ကွမ်းလုံ၊ ချင်းရေွှဟော်၊ ဟိုပန်နှင့် သိန်းနီမြို့နယ်တို့မှ သာမဏေ (၁၀၈)ပါး၊ ရဟန်းအပါး (၃၀)တို့၏ အတိဒုလ္လဘတရ ဥပသမ္ပဒ ပဗ္ဗဇ္ဇသာမဏေရမင်္ဂလာနှင့် ဗုဒ္ဓဘာသာအဆုံးအမခံယူပွဲ၊ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းဝင်ကတ်များ    ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီ ၉ ရက် နံနက်ပိုင်းက ကျင်းပသည်။


     အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ရေဦး ဆရာတော် ဘဒ္ဒန္တဥတ္တမ ဉာဏာဘိဝံသ ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။


     ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ စာသင်တိုက် ဆရာတော်က ကိုးကန့်အထူးတိုက်ခိုက်ရေးခေါင်းဆောင် ဦးဟော်ရှောက်ချမ်း နှင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဌ ဦးခွန်ထွန်းလူတို့အား ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် ဇနီး ဒေါ်ခင်မလေးတို့က ဗုဒ္ဓ အဆုံးအမခံယူလာသူများကိုယ်စား ကိုးကန့်တိုင်းရင်းသား ဦးလင်ဟုန်ရှမ်ထံ ဗုဒ္ဓဆင်းတုတော်နှင့် အဝတ်အထည်များကို လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဗုဒ္ဓအဆုံးအမခံယူလာသူများကိုယ်စား "ဝ"တိုင်းရင်းသား ဦးအိုက်မောင်ထံ ဘုရားပုံတော်ပါ လည်ဆွဲ ရတနာများကို လည်းကောင်း ပေးအပ်လှူဒါန်းကြသည်။


     ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းဝင်ကတ်များအား ကွမ်းလုံ မြို့နယ် သာသနာနုဂ္ဂဟအသင်း ဥက္ကဌ ဦးကျော်သန်းထွန်းထံသို့ လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို) ကော်မတီဝင် သီရိသုဓမ္မမဏိ ဇောတဓရ ဦးအောင်သိန်းနှင့် ဇနီး ဒေါ်ခင်လှသိန်းတို့က ပုတီး (၅၆၂၂)ကုံးကို ဗုဒ္ဓအဆုံးအမခံယူလာသူများ (၅၇၇၃-ဦး)ကိုယ်စား ကိုးကန့်တိုင်းရင်းသား ဦးလောင်ဟယ်အား လည်းကောင်း ပေးအပ်လှူဒါန်းကြသည်။