ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်ဝန်ကြီး ဦးတူးမောင် တောင်ကြီးမြို့၊ ကုန်ခြောက်သားငါးစျေး အဆင့်မြင့်တည်ဆောက်ရေး တင်ဒါရွေးချယ်ပွဲကျင်းပရန် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၃၀

 

meeting

 

   တောင်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကုန်ခြောက်သားငါးစျေးအား မြို့တော် အင်္ဂါရပ်နဲ့ အညီ အဆင့်မြင့်တင်တည်ဆောက်ရန်နှင့် တောင်ကြီးမြို့ဂုဏ်ဆောင် အဆောက်အအုံကြီးတစ်ခု ပေါ်ထွန်းလာစေရေးရည်ရွယ်၍ ယင်းကုန်ခြောက်သားငါးစျေးအား အဆင့်မြင့် တည်ဆောက်နိုင်ရန်  အတွက် လုပ်ငန်းလုပ်ကိုင်လိုသူ ကုမ္ပဏီများအား (၈-၁-၂၀၁၃)ရက်နေ့မှစတင်၍ တင်ဒါခေါ်ယူခဲ့ရာ တင်ဒါပိတ်သည့် (၂၈-၂-၂၀၁၃)ရက်နေ့ထိ Creation Myanmar ကုမ္ပဏီ၊ ရှမ်းရိုးမဆောက်လုပ်ရေး ကုမ္ပဏီ၊ Maroon Matrix  ကုမ္ပဏီ၊ သီဟကုမ္ပဏီ၊ တောင်ကြီးဆောက်လုပ်ရေးကုမ္ပဏီ၊ အိမ်တော်ကြီး ဆောက်လုပ်ရေးကုမ္ပဏီ၊ AMT ဆောက်လုပ်ရေးကုမ္ပဏီ စသည့် ကုမ္ပဏီပေါင်း(၇)ခုတို့မှ အဆိုပြု တင်ဒါများတင်သွင်းခဲ့ကြပြီး အာမခံအပ်ငွေ ကျပ်သိန်း(၅၀၀)စီကိုလည်း ပေးသွင်းခဲ့ပြီး ဖြစ်ပါသည်။


    အဆိုပါ ကုမ္ပဏီများအနက်မှ အကောင်းဆုံးဆောင်ရွက်နိုင်မည့် ကုမ္ပဏီအား အများပြည်သူရှေ့မှောက်တွင် စနစ်တကျ ပွင့်လင်းမြင်သာစွာရွေးချယ်နိုင်ရန် တင်ဒါရွေးချယ်ပွဲကို (၃-၅-၂၀၁၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို (၂၉-၄-၂၀၁၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ စျေးအကျိုးတော် ဆောင်အဖွဲ့များက တင်ဒါစိစစ်ရွေးချယ်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးတင်ပြခဲ့ကြပါသည်။ အစည်းအဝေးတွင် တင်ဒါစိစစ်ရွေးချယ်ရေးနှင့် ပတ်သက်၍ စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး စိစစ်ရမည့် အချက်များအပေါ် အခြေခံကာ အဆင့်သတ်မှတ်ချက်များပေး၍ ရွေးချယ်စိစစ်သွားရန် ဆုံးဖြတ် ခဲ့ကြပါသည်။


   ထို့နောက် ကုန်ခြောက်သားငါးစျေး အဆင့်မြင့်တင်တည်ဆောက်ရေးအတွက် တင်ဒါရွေးချယ်ပွဲတွင် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများအား အဖွဲ့(၈)ဖွဲ့ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး၊ ယင်းအဖွဲ့(၈)ဖွဲ့မှာ −

(၁)    ကုမ္ပဏီများ ခိုင်မာမှုနှင့် တင်ပြသည့် အထောက်အထားများ ပြည့်စုံမှုစိစစ်ရေးအဖွဲ့
(၂)    စျေးအကျိုးအတွက် ကုမ္ပဏီမှ ဆောင်ရွက်ပေးမည့် အစီအမံများ စိစစ်ရေးအဖွဲ့
(၃)    ဆောက်လုပ်မည့် အဆောက်အဦ၏Design Structure နှင့် နည်းပညာစိစစ်ရေးအဖွဲ့
(၄)    ဆောက်လုပ်မှုအတွက် လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာ ဖြည့်ဆည်းပေးမည့် အစီအမံစိစစ်ရေးအဖွဲ့
(၅)    သဘာ၀ပတ်၀န်းကျင်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေအနေစိစစ်ရေးအဖွဲ့
(၆)    စျေးဟောင်းဖျက်သိမ်းခြင်းနှင့် ယာယီစျေးတည်ဆောက်ပေးမည့် အစီအမံစိစစ်ရေးအဖွဲ့
(၇)    စျေးသူစျေးသားများ၏ လိုအပ်ချက်ဖြည့်ဆည်းပေးမည့် အစီအမံစိစစ်ရေးအဖွဲ့
(၈)    အခြားစဉ်းစားသင့်သည့် အချက်များ တင်ပြလာမှုအပေါ်စိစစ်ရေးအဖွဲ့ တို့ဖြစ်ပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 75 guests and no members online