တောင်ကြီးမြို့၊ ကုန်ခြောက်သားငါးစျေး အဆင့်မြင့်စျေးသစ်တည်ဆောက်ရေး တင်ဒါရွေးချယ်ပွဲ ကျင်းပ

တောင်ကြီး  မေ  ၀၃

 

1

 

2

 

   တောင်ကြီးမြို့၊ ကုန်ခြောက်သားငါးစျေး အဆင့်မြင့်စျေး သစ်တည်ဆောက်ရေး တင်ဒါရွေးချယ်ပွဲကို မေလ(၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

    ရှေးဦးစွာ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက တင်ဒါရွေးချယ်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

   ၎င်းနောက် တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီ(၇)ခုကို စျေးတည်ဆောက်ရန်ကိစ္စ ရှင်းလင်းတင်ပြရန်အတွက် အစီအစဉ်နံပါတ်ရွေးချယ်မှုအား မဲစနစ်ဖြင့် ရွေးချယ်ပြီး ကုမ္ပဏီများမှ အဆင့်မြင့်စျေးတည်ဆောက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။