ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဖြူဖြူညွန့် ခြေလေးချောင်းနှင့် ထူးဆန်းစွာ မွေးဖွားလာသည့် ကလေးငယ်အား သွားရောက်ကြည့်ရှုအားပေး

တောင်ကြီး    မေ    ၁၀

 

 

4

 

   ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်သည် မေ(၁၀)ရက် ညနေ(၄)နာရီတွင် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ကုသမှုခံယူရန်အတွက် ရောက်ရှိနေသော ခြေလေးချောင်းနှင့် ထူးဆန်းစွာမွေးဖွားလာသည့် ကလေးငယ်နှင့် မိဘတို့အား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


  ဆက်လက်ပြီး ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်ဖြူဖြူညွန့် နှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း တက်ရောက်ကုသမှုခံယူနေသော မိခင်များနှင့်မွေးကင်းစကလေးများကို လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေပေးအပ်ရာ ဆေးရုံတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူ ခဲ့သည်။


    အဆိုပါ ခြေလေးချောင်းနှင့် မအင်္ဂါနှစ်ခုဖြင့် ထူးဆန်းစွာမွေးဖွားလာသော ကလေးငယ်အား ရှမ်း တိုင်းရင်းသား မိဘများဖြစ်ကြသော ဖခင် ခွန်စံတွေး အသက်(၄၀)နှစ်၊ မိခင် နန်းနောင့်နောင့် အသက်(၂၆)နှစ် တို့မှ (၂.၂.၂၀၁၃) ရက်နေ့ နံနက်(၃)နာရီအချိန်တွင် လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်၊ စလောင်းကျေးရွာအုပ်စု၊ လွယ်မွတ် ကျေးရွာနေအိမ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ယခုတောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ (၉.၅.၂၀၁၃) ရက်နေ့ည ( ၉ )နာရီအချိန်တွင် ရောက်ရှိလာခြင်းဖြစ်သည်။

 

   ဆေးရုံသို့ရောက်ရှိလာသည့် အချိန်မှစတင်၍ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သိင်္ဂီညွန့်၏ ကြီးကြပ်မှုဖြင့် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မို့မို့ မှ လိုအပ်သည့် ပြုစုစောင့်ရှောက်ကုသမှု များကို ဆောင်ရွက်ပေးထားလျှက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့၏ လမ်းညွှန်မှုဖြင့် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 74 guests and no members online