ရှမ်းပြည်နယ်သတင်းများ

" First Weekly News Journal ၏ ဖော်ပြချက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အလေးအနက်ကန့်ကွက် "

မေ  ၂၁

 

3

 

2

 

   (၁၇.၅.၂၀၁၃)ရက်နေ့ထုတ် First Weekly News Journal က "ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တိုက်ရိုက်လမ်းညွှန်နေပြီး ပြည်နယ်လွှတ်တော်အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို ထိန်းကျောင်းတည့်မတ်နိုင်သည့် အခြေအနေလုံးဝမရှိဟု ပြည်ထောင်စုရေးရာ၊ တိုင်းရင်းသားရေးရာ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများက သုံးသပ်ခဲ့ကြ "ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။


   အဆိုပါသတင်းတွင် တောင်ကြီးမြို့၊ Classic ခန်းမမှာ နှစ်ရက်ကြာကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသား ရေးရာအလုပ်ရုံဆွေးနွေးပွဲ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မည်သည့်လုပ်ပိုင်ခွင့်မှမရှိပဲ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌကလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ အမြဲတမ်းညှိနှိုင်းဆောင်ရွက်နေရတဲ့အတွက် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ သြဇာမကင်းသကဲ့သို့ ယူဆစရာဖြစ်ကြောင်းဟုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တိုက်ရိုက်လမ်းညွှန်နေပြီး ပြည်နယ်လွှတ်တော်အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေလုံးဝမရှိဖြစ်နေကြောင်းဟုလည်းကောင်း၊ အင်းလေးဟိုတယ်ဇုံစီမံကိန်း တည်ဆောက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်းရှိ  ပြည်သူများကိုလုံးဝ တာဝန်ခံခြင်းမရှိပဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဟုလည်းကောင်း အခြေအမြစ်မရှိ ရေးသားဖော်ပြခဲ့သည်။

 

  ယင်းသို့ ရေးသားဖော်ပြချက်များသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အကြားတွင်လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တို့အကြားတွင်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကြားတွင်လည်းကောင်း၊ နားလည်မှုလွဲမှားအောင်၊ စာဖတ်ပရိတ်သတ်များ အထင်အမြင်လွဲမှားအောင် ထိုးနှက်လုပ်ကြံဖန်တီးရေးသားခြင်း သာ ဖြစ်သည်။ အမှန်တကယ်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)ပါ ပြဌာန်းချက်များနှင့်အညီ အပြန်အလှန်ထိန်းကျောင်းမှု(Check and Balance)ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည်။


   သို့ဖြစ်၍ သတင်းသမားများ၏ လိုက်နာရမည့် ကျင့်ဝတ်(Code of Ethics)အား ချိုးဖောက်လျက် ယင်းသို့ လွှဲမှားစွာ ရေးသားဖော်ပြချက်များအပေါ် First Weekly News Journal အား သတိပေးကြောင်းနှင့် နောင်တွင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

4

 

5

 

6

 

1

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 55 guests and no members online