ရှမ်းပြည်နယ်သတင်းများ

တောင်ကြီး၊ တောင်စိမ်းလန်းစိုပြေရေးအတွက် ကွက်ဖြည့်စိုက်ခင်းထူထောင်ရေးနှင့် မြို့သောက်သုံးရေ ဖူလုံစေရေး၊ သဘာဝရေ အရင်းအမြစ်များ ရရှိရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

တောင်ကြီး   မေ   ၂၂

 

1

 

    တောင်ကြီး၊ တောင်စိမ်းလန်းစိုပြေရေးအတွက် ကွက်ဖြည့်စိုက်ခင်းထူထောင်ရေးနှင့် မြို့သောက်သုံးရေ ဖူလုံစေရေး၊ သဘာဝရေ အရင်းအမြစ်များ ရရှိရေးအတွက် မေ(၂၂)ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး(ညွှန်ကြားရေးမှူး) ဦးမြတ်ကျော်ကျော်၊ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့သည် တောင်ကြီးမြို့၊ ဆုတောင်းပြည့်စေတီ ကိုးနဝင်းကျောင်းတိုက် ဘုရားကုန်းပေါ်နေရာတွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့သည်။

 

2

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့သည် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီဘုရားသို့ ရောက်ရှိလာရာ ဘုရားတွင် ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပြီး ဘုရားရင်ပြင်ပေါ်ရှိ တောင်ကြီးမြို့ပေါ် ရှုခင်းကြည့်နေရာတွင် တောင်ကြီး၊ တောင်စိမ်းလန်းစိုပြေရေးအတွက် တောင်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးက မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့ပါသည်။

 

3

 

4

 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့သည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ထီသိမ်ရေကန်သို့ သွားရောက်ပြီး ရေကန်အတွင်း ရေများ သိုလှောင်ထားရှိမှုနှင့် ရေပေးဝေမှု၊ မိုးရာသီ သစ်ပင်စိုက်ပျိုးမည့်နေရာများကို လိုက်လံကြည့်ရှု၍ လည်းကောင်း၊ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ ရေထွက်ဦးရေကန်၌ ရေသိုလှောင်ထားရှိမှုနှင့် ရေထွက်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့ပါသည်။

 

5

 

6

 

7

 

   ၎င်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့သည် ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ရေကန်နှင့် ရေစုကန် ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကြီးမြို့၊ တိုင်းရင်းသားသုသာန် မီးသဂြိုဟ်စက်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ကားအသွားအလာများ ပြားသဖြင့် ကားလမ်းများ ကျဉ်းမြောင်းသဖြင့် ကားလမ်းများတိုးချဲ့ရန်နှင့် သတ်မှတ် စည်ပင်မြေ မကျူးကျော်စေရေးတို့ကို ဂရုတစိုက် လုပ်ဆောင်သွားရန် မှာကြားခဲ့ကြောင်းသိရှိရသည်။

 

8

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 57 guests and no members online

Latest Updates