ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ပင်းတယမြို့နယ်၊ တမဲကျေးရွာ ရိုးရာတာတက်ပွဲ တက်ရောက်ချီးမြှင့်

1

2

3

တောင်ကြီး  မေ  ၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် မေ(၂၅)ရက်၊ နံနက်(၉)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တမဲ ကျေးရွာ ရိုးရာတာတက်ပွဲသို့ တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် တမဲ မြစေတီဘုရားကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပြီးဘုရားရင်ပြင်တော်အတွင်းလှည့်လည်ကြည့်ရှုသည်။ဆက်လက်ပြီး တမဲကျောင်းတိုက်အတွင်း၌ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ် ဝတ္တုပစ္စည်းများနှင့် အလှူငွေကျပ်(၅)သိန်းတို့ကို ဆက်ကပ်လှူဒါန်းပြီး ပရိတ် တရားတော်မြတ်ကို နာယူပန်ဆင်ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် တမဲကျောင်းတိုက်ဆရာတော် အရှင်ဥတ္တရဓဇ က ရေစက် ပေးတော်မူပြီး အမျှပေးဝေခဲ့ကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နေ့လည်(၁၂)နာရီတွင် ကလောမြို့နယ်၊ မြင်းမထိသဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်၍ ဂူအတွင်းရှိ ဥဏ္ဏလုံ စေတီတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကြပြီး ဂူအတွင်း ဖူးမျှော် လေ့လာခဲ့ကြရာ ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ လိုက်လံရှင်းလင်းပြသခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြင်းမထိသဘာဝလိုဏ်ဂူဘုရားအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းရာ ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူ ခဲ့သည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 219 guests and no members online

Latest Updates