ရှမ်းပြည်နယ်သတင်းများ

၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

2

 

3

 

4

 

5

 

6

 

7

 

8

 

9

 

10

 

a

 

b

 

c

 

d

 

တောင်ကြီး  မေ  ၂၇
၂၀၁၃-၂၀၁၄ပညာသင်နှစ်၊ရှမ်းပြည်နယ်၊ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေ(၂၇)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းရှေ့မုဒ်ဦး၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့၏ အလေးပြုမှုကို ခံယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူး ဦးထူးမြင့်တို့က ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများအား အခမဲ့ ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များ ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများ၏ တင်ဆက်ကပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းကို စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပရာ ကျောင်းသား/ ကျောင်းသူလေးများက " ကျောင်းအပ်စို့လေ " သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူးက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ် (၁၀)သိန်းကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူမှ လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် စာရေးခုံနှင့် ထိုင်ခုံ (၁၂၀)စုံကို ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဦးခွန်သိန်းမောင်က လည်းကောင်း၊ အခြား အလှူရှင်များမှ အလှူငွေနှင့် ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ်လှူဒါန်း ရာ ပညာရေးဌာန တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြသည်။
၎င်းနောက် ကျောင်းသား/ကျောင်းသူလေးများက " ဘက်စုံပညာ " သီချင်းကို သီဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဌာန တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း(အထက-ခွဲ) တို့အား သွားရောက်၍ ကျောင်းအပ်နှံနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး မူလတန်း အဆင့် ကျောင်းသား/ကျောင်းသူလေးများအား အခမဲ့ ဗလာစာအုပ်နှင့် ပုံနှိပ်စာအုပ်များ ကို ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 79 guests and no members online

Latest Updates