ဂရုဏာရိပ်ငြိမ် ကုသိုလ်ဖြစ်ဆေးခန်းကြီးအတွက် စေတနာမေတ္တာဖြင့် လှူဒါန်းကူညီပံ့ပိုးပေးကြသော ကုသိုလ်ရှင်များအတွက် မှတ်တမ်းတင်ဂုဏ်ပြုပွဲ ကျင်းပ

1

 

2

 

3

တောင်ကြီး  မေ ၂၈
အောင်ပန်းမြို့၊ ဂရုဏာရိပ်ငြိမ် ကုသိုလ်ဖြစ်ဆေးခန်းကြီးအတွက် စေတနာမေတ္တာဖြင့် လှူဒါန်းကူညီပံ့ပိုးပေးကြသော ကုသိုလ်ရှင်များအတွက် မှတ်တမ်းတင်ဂုဏ်ပြုပွဲကို မေ(၂၈)ရက်၊ နံနက်(၉)နာရီခွဲက အောင်ပန်းမြို့ အဆိုပါ ဆေးခန်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်အားပေးသည်။
အခမ်းအနားတွင် ဂရုဏာရိပ်ငြိမ်ဆေးခန်းဥက္ကဌ ဦးခင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အောင်ပန်းတိုက်နယ်ဆရာဝန် ဒေါက်တာကောင်းမြတ်က ဂုဏ်ပြုပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းရခြင်းရည်ရွယ်ချက်ကိုDiamond Star Co.Ltd မှ  တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ Light Track မော်တော်ယာဉ် လှူဒါန်းရခြင်းရည်ရွယ်ချက်ကိုအလှူရှင် ဦးကျော်မြင့်(ခ) ဦးအွစ္စမန်း ကိုယ်စား ဦးဝင်းအောင်မှ လည်းကောင်း ရှင်းလင်းပြောကြားပြီး ဂရုဏာရိပ်ငြိမ်ဆေးခန်းနာယက ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင်ဂရုဏာရိပ်ငြိမ်ဆေးခန်းနာယက က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဂုဏ်ပြုထိုက်သူများကို မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းပေးသော Diamond Star Co.Ltd ကို လည်းကောင်း၊ ဂရုဏာရိပ်ငြိမ်ဆေးခန်းနာယကကိုလူမင်းက Light Track မော်တော်ယာဉ် လှူဒါန်း ပေးသော ကလောမြို့မှ ဦးကျော်မြင့်(ခ) ဦးအွစ္စမန်းကို လည်းကောင်း၊ ဂရုဏာရိပ်ငြိမ်ဆေးခန်းဥက္ကဌ ဦးခင်မောင်ဝင်းက ဆေးခန်းသို့ မေတ္တာဖြင့် အခမဲ့ လာရောက်ကုသပေးပါသော တပ်မတော်စစ်ဆေးရုံ ကုတင်(၇၀၀)မှ အထွေထွေရောဂါ(အထူးကု)ဆရာဝန် ဒေါက်တာ သိန်းထက်သိန်းကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂရုဏာရိပ်ငြိမ်ဆေးခန်းမှ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်၌ ဖွင့်လှစ်ထားသည့်   Honda မော်တော်ဆိုင်ကယ် အရောင်းပြခန်း ဖွင့်ပွဲသို့ တက်ရောက် အားပေးခဲ့ကြောင်း သိရှိရသည်။