တောင်ကြီး ဇွန် ၀၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်(၄)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးတက္ကသိုလ် စာကြည့်တိုက်နှင့် သုံးထပ်စာသင်ဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်နှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးချုပ်တက္ကသိုလ်၊ ဘက်စုံခန်းမ တွင် ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ တက္ကသိုလ်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်က တောင်ကြီး တက္ကသိုလ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။
We have 100 guests and no members online