ရှမ်းပြည်နယ်သတင်းများ

ကလေးသူငယ်အား လူမဆန်စွာညှင်းပန်းနှိပ်စက်သူကို ဥပဒေနှင့် အညီ အရေးယူ

တောင်ကြီး   ဇွန်  ၂၀

 

1

 

   (၁၉.၆.၂၀၁၃)ရက်နေ့တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အမှတ်(၁၅) မူလွန်ကျောင်း၌ ဒေါက်တာဝင်းဝင်းခိုင် ခေါင်းဆောင်သော ကျောင်းကျန်းမာရေး အဖွဲ့က ကျောင်းသား/သူများ ကျန်းမာရေးစစ်ဆေးပေးရာ ယင်းကျောင်း၌ ပညာသင်ကြားနေသော ပထမတန်း ကျောင်းသူ မသက်ထားခင်၊ (ဘ) ဦးဝင်းနိုင်၊ (၇)နှစ်၊ ကျောင်းကြီးစုရပ်ကွက်သည် မျက်နှာတွင် ညိုမဲဒဏ်ရာကို တွေ့ရှိရ၍ မေးမြန်းရာ ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း ဒဏ်ရာများတွေ့ရှိရသဖြင့် လူမှုဝန်ထမ်း ရုံးသို့ အကြောင်းကြားခဲ့ပါသည်။


   ထိုသို့ အကြောင်းကြားချက်အရ ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီ/အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း/အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ရီ နှင့် ဦးစီးမှူး ဒေါ်ချယ်ရီ တို့မှ မသက်ထားခင်၏ မိဘအုပ်ထိန်းသူများကို ခေါ်ယူ စစ်ဆေးရာ အုပ်ထိန်းသူ ဒေါ်ပြုံးညို၊ (ဘ)ဦးကြည်၊ (၄၉)နှစ်၊ ကျောင်းကြီးစုရပ်ကွက် နှင့် သမီးဖြစ်သူ မဝေဝေဖြိုး၊ (ဘ)ဦးမျိုးသစ်၊ (၁၇)နှစ် တို့က ရိုက်နှက်ထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်ချယ်ရီ(ကလေးသူငယ်ကြီးကြပ်သူ)၊ မြို့နယ်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အတွင်းရေးမှူး က တောင်ကြီးမြို့အမှတ်(၁) ရဲစခန်းသို့ အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ရာ၊ ၎င်းတို့ နှစ်ဦးအား အမှတ်(၁) ရဲစခန်းမှ ဥပဒေနှင့် အညီ အမှုဖွင့် အရေးယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 78 guests and no members online