ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်၀န်ကြီး ဦးအောင်ကျော်ညွှန့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး ရက်တိုသင်တန်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တောင်ကြီး  ဇွန်  ၂၀

 

3

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ရှမ်းပြည်နယ်သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်သည် ၂၀၁၃ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခမ်းမ၌ ပြုလုပ်သည့် ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၁၃)သို့ တက်ရောက်ခဲ့သည်။


   အစည်းအဝေးတွင် ဝန်ကြီးမှ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနအပါအဝင် အခြားအစိုးရဌာနများ၊ ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်း အဆင့်ဆင့်တို့ ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွင် ပါဝင်သည့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမသဘောတရား၊ သမဝါယမလုပ်ငန်းများ ပြန့်ပွားရေးအတွက် ပညာပေးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးရရှိသည့် ချေးငွေများအား အကျိုးရှိစွာ အသုံးပြုရေးတို့အား ဆွေးနွေးမှာကြားခဲ့သည်။


   ၎င်းနောက် ပြည်နယ်သမဝါယမဦးစီးဌာနတွင် (၁၇.၆.၂၀၁၃ မှ ၁၉.၆.၂၀၁၃ )ထိ ဖွင့်လှစ်လျက်ရှိသည့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး ရက်တိုသင်တန်းတွင် တက်ရောက်လျက်ရှိသည့် ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်း အဆင့်ဆင့်မှ အသင်းအမှုဆောင် (၅၃)ဦးအား လိုအပ်သည်များ မှာကြား၍ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့သည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 158 guests and no members online