ရှမ်းပြည်နယ်သတင်းများ

ပြည်နယ်ဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ အာဆီယံသွေးလွန်တုပ်ကွေးနေ့ အခမ်းအနားတက်ရောက်

တောင်ကြီး   ဇွန်   ၂၇

 

1

 

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အာဆီယံသွေးလွန်တုပ်ကွေးနေ့ အခမ်းအနားကို ဇွန် (၂၇)ရက်၊ နံနက်(၉)နာရီက မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း တက်ရောက်ခဲ့သည်။


    ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ ဖေသက်ခင် ပေးပို့သော သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖတ်ကြားပေးပြီး၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ရှင်းလင်းဟောပြော တင်ပြခဲ့သည်။


    အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုဆရာမများ၊ ကြက်ခြေနီ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


    ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းကြီးစုရပ်ကွက်၊ အမှတ်(၁၅) မူလတန်းကျောင်းတွင် ဖုံးသွန်လဲစစ်(အပတ်စဉ် သောကြာနေ့တိုင်း ရေအိုးရေခွက်များ ရေသွန်မှောက်ထားခဲ့ပါရန်)ဆောင်ရွက်ခြင်း၊ Abate ဆေးခပ်ခြင်းနှင့် လောက်လန်းစား ငါးထည့်ခြင်းတို့ ဆောင်ရွက်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 70 guests and no members online

Latest Updates