ရှမ်းပြည်နယ်သတင်းများ

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ ကျင်းပ

တောင်ကြီး   ဇွန်  ၂၆

 

1

 

2

 

3

 

    ရှမ်းပြည်နယ်၏ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန်(၂၆)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူလေးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အမှာစကား ပြောကြားပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ဖတ်ကြားသည်။


    ထို့နောက် ဆုရရှိသူများနှင့် ဆုရကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။


    ဆက်လက်ပြီး မြို့တော်ခန်းမဝန်းအတွင်း ဖွင့်လှစ်ပြသထားသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း အသီးသီး၏ ပြခန်းများအား တာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။


    ၎င်းနောက် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲကို နံနက်(၁၀)နာရီတွင် အဝေရာမီးပုံးပျံကွင်း၌ ဆက်လက်ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အမှာစကားပြောကြားပြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်းက မီးရှို့ဖျက်ဆီးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။


    ထို့နောက် ဓာတုဆေးရည်များကို မြေကျင်းအတွင်း ပစ်ချဖျက်ဆီးပြီး၊ မူးယစ်ဆေးဝါးများကို စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၆၄)သန်း တန်ဖိုးရှိကြောင်း သိရှိရသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 56 guests and no members online

Latest Updates