ရှမ်းပြည်နယ်သတင်းများ

၂၀၁၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ ကျင်းပ

တောင်ကြီး  ဇူလိုင်  ၀၃

 

1

 

   ရှမ်းပြည်နယ် ၂၀၁၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ဇူလိုင်(၃)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ကြည်ကြည်ဝေနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၊ ဆုရရှိသူများနှင့် ဆုရကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


   ရှေးဦးစွာ တောင်ကြီး၊ ပညာရေးကောလိပ်မှ သင်တန်းသူလေးများက " မြန်မာအမျိုးသမီးစွမ်းပကား " သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌက အမှာစကား ပြောကြားသည်။

 

2

 

4

 

3

 

   ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုရရှိသူများနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


   ယင်းနောက် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


   ၎င်းနောက် တောင်ကြီး၊ ပညာရေးကောလိပ်မှ သင်တန်းသူလေးများက " အင်အားသစ်များနှင့် အတူ " သီချင်းကို သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 60 guests and no members online

Latest Updates