ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းသဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲ ကျင်းပ

တောင်ကြီး  ဇူလိုင်  ၀၄

 

4

 

5

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မူဆယ်မြို့၊ ခေတ်မီမြို့ပတ်ကမ်းနားလမ်းနှင့် ဗဟိုစီးပွားရေး အချက်အလက်နေရာ(မူဆယ်) စီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်း၊ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့နယ်ခွဲ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လားရှိုးမြို့၊ ပုဂ္ဂလိက အမှိုက်သိမ်းဆည်းရေးလုပ်ငန်း၊ လားရှိုးမြို့၊ ရေပေးဝေရေးအပိုင်း(၁) ဆောင်ရွက်ခြင်း လုပ်ငန်း၊ တာချီလိတ်မြို့၊ ဝမ်းကောင်းမြို့မစျေး အဆင့်မြင့်တင်တည်ဆောက်ရေး လုပ်ငန်း၊ တာချီလိတ်မြို့၊ ပါဆတ်မြို့ခေတ်မီကားကွင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် နမ့်စန်(တောင်)မြို့ ဆိုင်ခန်း(၂၀) တည်ဆောက်ခြင်းလုပ်ငန်း  သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင်(၄)ရက်၊ နေ့လည်(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်စည်ပင်သာယာရေး တာဝန်ရှိသူများနှင့် လုပ်ငန်းလက်ခံသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး၊ နယူးစတားလိတ် ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ကျော်ဝင်းက မူဆယ်မြို့၊ ခေတ်မီမြို့ပတ်ကမ်းနားလမ်းနှင့် ဗဟိုစီးပွားရေးအချက်အလက်နေရာ(မူဆယ်) စီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

   ဆက်လက်ပြီး လောက်ကိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက ကိုးကန့်ဆွေ ကုမ္ပဏီလီမိတက်၏ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့နယ်ခွဲတို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက လားရှိုးမြို့၊ မြို့ဂုဏ်ဆောင်(လားရှိုး) ဝန်ဆောင်မှုကုမ္ပဏီလီမိတက်၊ တာချီလိတ်မြို့၊ မင်းခေတ်သစ် သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်နှင့် နမ့်စန်မြို့၊ အောင်လင်းထွန်း ကုမ္ပဏီလီမိတက်တို့၏ (PPP) စနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် ကုမ္ပဏီအလိုက် လုပ်ငန်းလက်ခံသဘောတူစာချုပ်များ၌ လက်မှတ်ရေးထိုးကြပြီး ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းဝန်ခံကတိနှင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။

 

2

 

1

 

3

 

   ၎င်းနောက် လုပ်ငန်းသဘောတူစာချုပ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ခေတ္တ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အတည်ပြုလက်မှတ်ရေးထိုးပေးပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

 

6

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 55 guests and no members online

Latest Updates