ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်နိုင်ရေး စိစစ်ရွေးချယ်မှု ပြုလုပ်

တောင်ကြီး  ဇူလိုင်  ၀၅

 

1

 

2

 

   ရှမ်းပြည်နယ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် စိစစ်ရွေးချယ်ရေးအဖွဲ့၏ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်နိုင်ရေး စိစစ်ရွေးချယ်ခြင်းကို ဇူလိုင်(၅)ရက်၊ နေ့လည်(၁)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးရုံးခန်း၌ ပြုလုပ်ရာ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်နှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက အမှာစကားပြောကြားပြီး၊ ပြည်နယ်သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ဆုချီးမြှင့်ရန် ရွေးချယ်ထားသည့် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များစာရင်းကို ဖတ်ကြားတင်ပြသည်။

 

   ၎င်းနောက် တက်ရောက်လာသူများက အသီးသီး ဆွေးနွေးတင်ပြကြပြီး ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်စာရင်းအား စိစစ်အတည်ပြုခဲ့ကြသည်။