၂၀၁၃ ခုနှစ်၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တောင်ကြီး  ဇူလိုင်  ၁၅

 

1

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၁၃ ခုနှစ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်(၁၅)ရက်၊ နံနက်(၈)နာရီက ပွေးလှမြို့၊ ပေါ်တော်မူရှစ်ဆူတောင်ဘုရားကုန်းပေါ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်သားယဉ်ကျေးမှုအဖွဲ့များ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

  အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပျိုးပင်များကို ဖြန့်ဝေပေးရာ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဦးထူးကိုကိုက လက်ခံရယူပြီး၊ ပင်းတယမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပွေးလှမြို့၊ မြို့မိမြို့ဖများက အသီးသီး လက်ခံရယူကြသည်။

 

   ဆက်လက်၍ ပြည်နယ်သစ်တောနှင့် သတ္တု ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းနှင့် ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဇော်တို့က ပျိုးပင်များကို တာဝန်ရှိသူ အသီးသီးတို့ကို ဖြန့်ဝေပေးခဲ့သည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သစ်ပင်များကို စိုက်ပျိုးပေးကြပြီး၊ သစ်ပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။